Sunday, October 19, 2025
spot_img
spot_img

ဆဲတစ်ကို ပြောင်းရွေ့ဖို့စဉ်းစားရန် မန်ယူနိုက်တက် ကစားသမားကို တိုက်တွန်းလိုက်တဲ့ နေးလ်လန်နွန်

နေးလ်လန်နွန်က မန်ယူနိုက်တက် flop ဒွန်နီဘန်ဒီဘိ အနေနဲ့ သူ့ရဲ့ ကစားသမား ဘ၀ တဖန် ပြန်လည် တောက်ပလာရန် ဆဲတစ်ကို ပြောင်းရွေ့ရန် စဉ်းစားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဗန်ဒီဘိဟာ လွန်ခဲ့တဲ့ ၂၀၂၀ က အိုင်ယက်ကနေ မန်ယူနိုက်တက်ကို ရောက်လာခဲ့သူ ဖြစ်ပြီး အိုးထရပ်ဖို့ဒ်မှာ ကစားခွင့်ရဖို့ ရုန်းကန်နေခဲ့ရပါတယ်။

ဗန်ဒီဘိဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က နယ်သာလန် အမှတ်ပေးဖလားကို ဗိုလ်စွဲခဲ့တဲ့ အပြင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တဲ့ အိုင်ယက် အသင်းရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ယူနိုက်တက်မှာတော့ ၎င်းရဲ့ နာမည် ပျောက်ဆုံးသွားခဲ့ကာ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ၃ ရာသီအတွင်း ပရီးမီးယားလိဂ် ၃၄ ပွဲသာ ကစားခွင့် ရခဲ့ပါတယ်။

ဆဲတစ်နည်းပြဟောင်း နေးလ်လန်နွန်က “လက်ရှိအချိန်မှာတော့ သူ့ရဲ့ ကစားသမား ဘ၀ဟာ ရပ်တန့်နေခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ လူငယ်တွေနဲ့ ဖွဲစည်းထားတဲ့ အိုင်ယက် အသင်းမှာ အထူး ခြေစွမ်းပြ ကစားခဲ့သူပါ။

သူဟာ ယူနိုက်တက်ကို ပြောင်းရွေ့ခဲ့ပေမယ့် အဲဒီမှာ အလုပ် မဖြစ်ခဲ့ပါဘူး။ အဲဒီနောက် သူဟာ အဲဗာတန်မှာ အငှား သွားကစားခဲ့ပြီး အဲမှာလည်း အလုပ် မဖြစ်ခဲ့ပြန်ပါဘူး။ ဒါ့ကြောင့် သူ့အနေနဲ့ ကစားသမား ဘ၀ ပြန်လည် စတင်သွားဖို့ လိုအပ်ပါတယ်။ ဆဲတစ်ဟာ သူနဲ့ အံကိုက်တဲ့ နေရာတစ်ခု ဖြစ်နိုင်ပါတယ်။

သူဟာ ဘယ်လောက် အရည်အသွေး ရှိတယ်ဆိုတာ ပြသထားနိုင်ခဲ့ပါတယ်။ ဒါဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ယုံကြည်မှု နဲ့ ဆာလောင်မှု ပျောက်ဆုံးကာ အနည်းငယ် လမ်းပျောက်နေသလို ဖြစ်နေတာပါ။ ဒီလို ကစားသမားမျိုး အနေနဲ့ ကစားသမား ဘ၀ တဖန် ပြန်လည် စတင်သွားဖို့ လိုအပ်ပါတယ်။

ဆဲတစ်ဟာ သူ့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်နိုင်တယ် ဆိုပြီး သူတွေးမိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွေ့ ဖြစ်မြောက်လာဖို့ အတွက် လုပ်စရာတွေတော့ အများကြီး ရှိလာမှာပါ။ သူဟာ မန်ယူနိုက်တက်မှာ ကြီးမားတဲ့လစာကို ရနေသူပါ။ ဆဲတစ် အနေနဲ့ သူ့ရဲ့ ပြောင်းရွေ့ကြေးကိုလည်း တက်နိုင်မှာ မဟုတ်ပါဘူး။ အငှားခေါ်ယူတာ ကသာ အဖြစ်နိုင်ဆုံး နည်းလမ်းပါ။ ဆဲတစ်ကတော့ လစာငွေကို ပေးချေရမှာပေ့ါဗျာ။”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments