မန်ယူနိုက်တက် ဂန္တဝင်ကစားသမား ဖြစ်သူ ပီတာရှမိုက်ကယ်က သူဟာ မနေ့ညက ဆီဗီလာနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အန်တိုနီရဲ့ performance အပေါ် စိတ်ပျက်လက်ပျက် ဖြစ်မိတယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဆီဗီလာကို အိမ်ကွင်းမှာ ၂ ဂိုးစီသရေသာ ကစားနိုင်ခဲ့ပါတယ်။
အန်တိုနီဟာ ပွဲချိန် ၈၁ မိနစ်မှာ ပယ်လစ္စတီနဲ့ လူစားလဲခြင်း မခံရမီ တိုင်တစ်ကြိမ်ထိထွက်ခဲ့ပြီး အဝါကတ်လည်း ထိခဲ့ပါတယ်။

ပွဲအပြီးမှာ ရှမိုက်ကယ်က “အန်တိုနီရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမား ဘဝ တစ်လျှောက်လုံးမှာ သူဟာ အဆိုးအကောင်းတွေ ရောထွေးနေပါတယ်။ ဒီပွဲမှာလည်း ဒီအတိုင်းပါပဲ။ သူဟာ သူကိုယ်တိုင် အတွက် အခွင့်အရေးကောင်း ၂ ကြိမ်ကို ဖန်တီးမှု လုပ်နိုင်ခဲ့ပေမယ့်လည်း တိုက်ရိုက်ကျကျ တိုက်စစ်မဆင်တာကြောင့် အခွင့်အရေးများစွာကို ဖြုန်းတီးသလို ဖြစ်ခဲ့ပါတယ်။
ဒီလို အရည်အသွေးမျိုး ပိုင်ဆိုင်ထားတဲ့ သူ့လို ကစားသမား တစ်ဦးဟာ ဒီလိုမျိုး အခြေအနေတွေမှာ ဒီထက်ကောင်းအောင် မလုပ်နိုင်တာကတော့ အတော်လေး စိတ်ပျက်စရာပါပဲ။” လို့ ဆိုလိုက်ပါတယ် ။

ဆီဗီလာနဲ့ သရေကျခဲ့မှုနဲ့ ပက်သက်ပြီး ရှမိုက်ကယ်က “မန်ယူနိုက်တက်ဟာ ဥဥရောပထိပ်သီးအသင်း အဆင့်ကို ပြန်မရောက်သေးပါဘူး။ သူတို့ တတိယဂိုးရရန် အားထုတ်ဖို့ လိုအပ်တယ်လို့ ကျနော် ပထမပိုင်းမှာကတည်းက ပြောခဲ့ပါတယ်။ သူတို့ အနေနဲ့ ပြိုင်ဘက်ကို အသာစီး ရနေချိန်မှာ tempo မြှင့်ပြီး ပရိတ်သတ်တွေ ပြန်ကြွလာအောင် လုပ်ရမှာပါ။ သူတို့မှာ ဒီလိုမျိုး စွမ်းရည် မရှိပါဘူး။ ဥရောပရဲ့ ထိပ်သီးအဆင့်ကို ပြန်ရောက်ဖို့ တည်ဆောက်တဲ့ နေရာမှာ ဒီလိုမျိုး အရာတွေ လုပ်တက်ဖို့ လိုအပ်ပါတယ်။

ယူနိုက်တက်တို့ ပေါ့သွားခဲ့တာပါ။ ဆီဗီလာဟာ ပထမပိုင်းမှာ သာမန်အဆင့်ပဲ ကစားခဲ့ကာ ယူနိုက်တက်အတွက် ကစားရတာ တအား လွယ်ကူခဲ့ပါတယ်။ ဥရောပမှာ ဘယ်အရာကမှ မလွယ်ကူပါဘူး။ ဘယ်သူမှ ကံကောင်းပြီး ဒီအဆင့်ကို ရောက်လာတာ မဟုတ်ပါဘူး။ ဘယ်အသင်းမဆို အခွင့်အရေးပေးမယ် ဆိုရင် အသုံးချနိုင်ပါတယ်။ ဆီဗီလာလည်း ဒီလိုပဲ လုပ်ခဲ့တာပါ။ ယူနိုက်တက်ရဲ့ game management ကို ကျနော် စိတ်ပူမိပါတယ်။ ဒီရာသီမှာ ဒါမျိုးတွေကို မြင်နေရပါတယ်။ တန်းဟတ် အနေနဲ့ ဒီအပိုင်းကို တိုးတက်အောင် လုပ်သွားဖို့ လိုပါတယ်။

ဒုတိယပိုင်း ပွဲရဲ့ သွားပုံမရ ဒါဟာ မျှတတဲ့ ရလဒ်ပါ။ ယူနိုက်တက်ကစားသမားတွေဟာ အခွင့်အရေးများစွာ ဖြုန်းတီးခဲ့ပါတယ်။ ကစားသမားတချို့ကတော့ သူတို့ဟာ အသင်းကို လုံလောက်စွာ ပေးဆပ်နိုင်ရဲ့လားဆိုတာ ကိုယ်ကိုကိုယ် ပြန်မေးရမှာပါ။ ကစားသမားတချို့ကတော့ သူတို့ရဲ့ ကစားပုံ အပေါ် ပြန်ရှက်သင့်ပါတယ်။ဒီဂီယာနဲ့ ကတ်စမီရိုး တို့ကတော့ ကောင်းခဲ့ပါတယ်။ အကောင်းဆုံး ကစားသမားကတော့ နှစ်ဂိုးသွင်းခဲ့တဲ့ ဆာဘစ်ဇာ ပါပဲ။
သူ့ရဲ့ အသင်းဖော်တွေကတော့ စိတ်ပျက်စေခဲ့ပါတယ်။ ဒီရလဒ်ဟာ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ၅-၀ နဲ့တောင် နိုင်ခဲ့သင့်တာပါ။”






