Friday, March 13, 2026
spot_img
spot_img

ဆာလာ ထွက်ခွာသွားပါက ဆာနေးကို ခေါ်ယူအစားထိုးရန် လီဗာပူးလ် ပစ်မှတ်ထားနေ

လီဗာပူးလ်အသင်းသည် အီဂျစ်တိုက်စစ်ကစားသမား ဆာလာ အသင်းမှ ထွက်ခွာသွားပါက ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမန်တောင်ပံကစားသမား ဆာနေးကို ခေါ်ယူအစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ဆာလာအတွက် ဆော်ဒီမှ ကမ်းလှမ်းမှုကို ပယ်ချခဲ့သော်လည်း လာမည့်နွေရာသီ ၌ လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေသည်။

ထို့ကြောင့် ယခုရာသီ၌ ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြနေသာ်လည်း အနာဂတ်ရေရာခြင်းမရှိသည့် ဆာနေးကို ခေါ်ယူရန် ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရသည်။

မန်စီးတီးကစားသမားဟောင်း ဆာနေးအတွက် လီဗာပူးလ်အသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး သုံးစွဲဖွယ်ရှိကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments