ဆာဗင်ဟိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပထမပိုင်းမှာ လူစားလဲခဲ့ရသလို ရိုဒရီဂိုဟာလည်း ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့အတွက် ပွဲပေါင်းများစွာ ကစားပေးခဲ့ပြီး အားလပ်ရက်ကနေ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။
အင်းဆွစ်တောင်းနဲ့ပွဲမှာ နှစ်ဦးထဲ တစ်ဦးသို့မဟုတ် နှစ်ဦးစလုံးပါဝင်နိုင်မလားဆိုတာကိုတော့ မန်စီးတီးနည်းပြက သေချာပြောဆိုထားခြင်းမရှိသေးပါဘူး။
ဆာဗင်ဟိုနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “သူက ပိုကောင်းတယ်လို့ ခံစားရပါတယ်။ လုံးဝကိုထိပ်တန်းသို့ရောက်နေပြီလို့တော့ မထင်သေးဘူး။ သူက လေ့ကျင့်ရေး လုပ်နေတုန်းပါ”

“ဒီနေ့ရော မနက်ဖြန်ရော သူနဲ့ ဘာလုပ်မယ်ဆိုတာကို ကျွန်တော်တို့ကြည့်ရအုံးမှာပါ” လို့ ပြောထားပါတယ်။
ရိုဒရီဂိုဟာ ၂၀၂၃-၂၄ ရာသီတွင် မန်စီးတီးနှင့် စပိန်အတွက် ၆၃ ပွဲအထိ ကစားခဲ့ရပါတယ်။
သူဟာ ပွဲစဉ်တွေကစားဖို့ ကြံ့ခိုင်မှုအတွက် သီးသန့်လေ့ကျင့်နေပြီးဖြစ်ပြီး သောကြာနေ့မွန်းလွဲပိုင်းတွင် ကျန်အသင်းများနှင့်အတူ ပူးပေါင်းနိုင်ခဲ့ပါတယ်။
“သူ ပိုကောင်းလာပါပြီ။ သူက အဖွဲ့နဲ့လေ့ကျင့်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီနေ့မှာတော့ လေ့ကျင့်မှု အနည်းငယ်လောက်တော့ လုပ်ကောင်း လုပ်နိုင်မှာပါ” လို့ စပိန်သားနဲ့ပတ်သက်ပြီး နည်းပြက ပြောပါတယ်။
အင်းဆွစ်တောင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ရိုဒရီဂိုရဲ့ဖြစ်နိုင်ခြေနဲ့ပတ်သတ်ပြီး ဂွါဒီယိုလာက “ကျွန်တော်တော့ ပါနိုင်မယ်လို့ မထင်ပါဘူး ဒါပေမယ့် စောင့်ကြည့်ရအုံးမှာပါ” လို့ ပြောထားပါတယ်။






