Wednesday, March 4, 2026
spot_img
spot_img

ဆာကာ နှင့် နော်အာ ဖြစ်ရပ်မှာ ပင်နယ်တီ မပေးခဲ့တဲ့ ဒိုင်လူကြီး ရဲ့ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ထောက်ခံလိုက်တဲ့ ဂန်းနားဟောင်း

ဘိုင်ယန်မြူးနစ် အသင်း နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ကျခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ရဲ့ ပွဲပြီးခါနီး အချိန်မှာ ဂိုးဧရိယာထဲ ပြစ်ဒဏ်ကျူးလွန် ခံရသော်လည်း ပင်နယ်တီ မပေးတဲ့ အပေါ်ဆာကာ တစ်ယောက် အကြီးအကျယ် စောဒက တက်ခဲ့ပေမယ့် ဂန်းနားဟောင်း အပ်ဆန် ကတော့ ပင်နယ်တီ ပေးရမယ့် အနေအထား မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နောက်ခံလူဟောင်း အပ်ဆန် က BBC 5 Live တွင် ဆာကာ နှင့် နော်အာ ဖြစ်ရပ်မှာ ပင်နယ်တီ မပေးခဲ့တဲ့ ဒိုင်လူကြီး ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ထင်သလား ဆိုတဲ့ မေးခွန်းကို ” ကျနော်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်ပါတယ်။ ပထမ ကြည့်ကြည့်ချင်းမှာတော့ ပင်နယ်တီ ပေးရမယ့် အနေအထားလို့ ထင်ရပါတယ် ။ ”

” ဒါပေမဲ့ သေချာပြန်ကြည့်ရင် ဆာကာ က ဝင်တိုက်ခဲ့တဲ့ ကစားသမားပါ ။ နော်အာ က ရှေ့ထွက်လာပေမယ့် သူ့ကိုယ်သူ အရှိန်တန့်ပြီး ရပ်လိုက်တာပါ ၊ ဆာကာ က နော်အာ ကို ဝင်တိုက် သွားခဲ့တာပါ ။ ဖိအားတွေ များနေချိန်မှာ ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက် က မှန်ကန် ခဲ့တယ်လို့ မြင်ပါတယ် ။ ”

” သူက ဂိုးဧရိယာ အတွင်းကို ညာခြမ်းကနေ ဝင်လာတယ် ။ နော်အာ က ရှေ့ထွက်လာတယ် ၊ ဆာကာ က သူ့ရဲ့ညာခြေ နဲ့ နော်အာ ကို ဝင်တိုက်ပီး လဲကျသွားခဲ့တာပါ။ ဆာကာ သာ သူ ကစားနေကြ ပုံစံအတိုင်း ထွက်သွားမယ်ဆို ပင်နယ်တီ ပေးရမှာ မဟုတ်ပါဘူး ၊ ဆာကာ ဘက်က စတိုက်ခဲ့တယ်လို့ ထင်ပါတယ် ။ ”

ဖာဒီနန် ကတော့ ” ဘယ်လို ဖြစ်လို့ ပင်နယ်တီ မပေးတာလဲ မသိပါဘူးဗျာ ။ ကျနော်ဖြင့် ယုံတောင် မယုံနိုင်ပါဘူး ၊ ပင်နယ်တီ ပေးကို ပေးရမယ့် အနေအထားပါ ၊ ကျနော် တကယ့်ကို မယုံကြည်လောက်အောင် ဖြစ်ရတဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments