Sunday, October 26, 2025
spot_img
spot_img

ဆလိုဗက်ကီးယားနှင့်ပွဲအပြီး အင်တာဗျူးမှုကို ဒီဘရိုင်းနား မဖြေကြားဘဲ ရှောင်ထွက်သွား

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ် ဆလိုဗက်ကီးယားအသင်းအား ၀-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင် ဒီဘရိုင်းနားသည် Press Zone $ မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားခြင်းမရှိဘဲ ရှောင်ထွက်သွား ခဲ့ကြောင်း သိရသည်။

ဂျာနယ်လစ်တစ်ဦးက အင်္ဂလိပ်စကားဖြင့် မေးခွန်းမေးလိုကြောင်း ပြောကြားခဲ့ရာတွင် ဒီဘရိုင်းနားမှ မျက်ခုံးပင့်ကာ ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံအသင်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မော်ရိုကို အသင်းအား အရေးနိမ့်ပြီးနောက် သာမန်ပွဲကစားချိန်အတွင်း ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ 

နည်းပြ တယ်ဒယ်စကိုလက်အောက်တွင် ဘယ်လ်ဂျီယံအသင်းအနေဖြင့် နိုင်ငံတကာပွဲ ၁၅ ပွဲဆက်တိုက် (၁၀ ပွဲနိုင်၊ ၅ ပွဲသရေ)ရှုံးပွဲမရှိကစားခဲ့ပြီး ယင်းမှတ်တမ်းမှာ အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် အရှည်ကြာဆုံးဖြစ်ခဲ့သည်။ ထို့ပြင် ဘယ်လ်ဂျီ ယံအသင်းသည် မေဂျာပြိုင်ပွဲများ (ယူရိုနှင့် ကမ္ဘာ့ဖလား) ၌ Big Chances ၁၁ ကြိမ် အပါ အဝင် နောက်ဆုံးဂိုးကန်သွင်းမှု ၄၇ ကြိမ်တွင် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ 

ဆလိုဗက်ကီးယားအသင်းအား အရေးနိမ့်သည့်ပွဲတွင် ဘယ်လ်ဂျီယံအသင်းမှ လူကာကူ နှစ်ဂိုးသွင်းခဲ့သော်လည်း VAR ဖြင့် ပယ်ဖျက်ခံရပြီး ပထမဂိုးမှာ လူကျွံဘော နှင့် ဒုတိယဂိုးမှာ လက်ထိဘောကြောင့် ဂိုးမရခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လူကာကူသည် ယင်းပွဲပထမပိုင်းတွင် အကောင်းဆုံးအခွင့်အရေး သုံးကြိမ်အထိရရှိသော်လည်း လွဲချော်ခဲ့ရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments