ဘာစီလိုနာအသင်းသည် ဆယ်ကျော်သက်နောက်ခံလူ ကူဘာဆီကို ရာသီမကုန်မီ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
စပိန်နောက်ခံလူ ကူဘာဆီ(၁၇ နှစ်)သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် စတင်ကစားခွင့်ရရှိလာသူဖြစ်ပြီး စပိန်လက်ရွေးစင်အဖြစ်လည်း မတ်လအတွင်း စတင်ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

ထို့ ကြောင့် ဘာစီလိုနာအသင်းက ၎င်းကို လစာနှုန်းထားအသစ်ဖြင့် နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားရန် စီစဉ်နေခြင်းဖြစ်ပြီး ကမ်းလှမ်းမှု ပြုလုပ်ထားပြီဟုလည်း သိရသည်။
ထို့ပြင် စာချုပ်သစ်ချုပ်ဆိုပါက ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုသွားမည်ဟုလည်း သိရသည်။






