အယ်လ်နာဆာအသင်းသည် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ကမ္ဘာ့စံချိန်တင် လစာနှုန်းထားဖြင့် ခေါ်ယူခဲ့သော်လည်း ကြာသပတေးနေ့အထိ ဆော်ဒီလိဂ်တွင် မှတ်ပုံမတင်နိုင်သေးကြောင်း သိရသည်။

ဆော်ဒီလိဂ်၏ နိုင်ငံခြားကစားသမား ကန့်သတ်ချက်စည်းမျဉ်းအရ အယ်လ်နာဆာအသင်းတွင် ပြည်ပကစားသမားအရေအတွက် ပြည့်နေသည့်အတွက် စီရော်နယ်လ်ဒိုကို မှတ်ပုံမတင်နိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသင်းမှ ပြည်ပကစားသမားတစ်ဦးကို ဖယ်ရှားပြီးမှသာ စီရော်နယ်လ်ဒိုကို မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် စီရော်နယ်လ်ဒိုသည် ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ပီပီကို အသင်းထံ ခေါ်ယူပေးရန် လိုလားနေကြောင်း သိရသည်။
အယ်လ်နာဆာအသင်းသည် စီရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ပြီးနောက် ဥရောပမှ အခြားထိပ်တန်းကစားသမားများကို ထပ်မံ ခေါ်ယူသွားရန် စီစဉ်နေရာ စီရော်နယ်လ်ဒိုက ရီးယဲလ်အသင်းတွင်ရော ပေါ်တူဂီအသင်းတွင်ပါ လက်တွဲညီခဲ့သည့် ၀ါရင့် နောက်ခံလူ ပီပီကို ခေါ်ယူစေလိုခြင်းဖြစ်ကြောင်း သိရသည်။






