နယူးကာဆယ်နည်းပြ အက်ဒီဟောင်ဝီ သည် သူတို၏ဆော်ဒီအဆက်အသွယ်များကို အသုံးပြုကာ ခရစ်စတီယာနိုရော်နယ်ဒိုကဲ့သို ဆော်ဒီပရိုလိဂ်ကြယ်ပွင့်များကို အငှားဖြင့်ခေါ်ယူရန် နယူးကာဆယ်၏ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ အရိပ်အမြွက်ဖွင့်ဟလာခဲ့သည်။
နယူးကာဆယ်အသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်သို ပြန်လည်ရောက်ရှိမည်ဖြစ်သော်လည်း ယခုနွေရာသီတွင် ပေါင် ၅၅ သန်းတန် ကစားသမား ဆန်ဒရို တိုနာလီ တစ်ဦးတည်းသာ ဟောင်ဝီ ၏ အသင်းသားစာရင်းတွင် တိုးလာသေးသည်။ သိုပေမဲ့ ယခုအခါ ဟောင်ဝီက နယူးကာဆယ်အသင်းသည် ၎င်းကဲ့သိုပင် PIF မှပိုင်ဆိုင်သည့် ဆော်ဒီအသင်းများနှင့် သဘောတူညီမှုအချိုပြုလုပ်နိုင်သည်ဟု နည်းပြအက်ဒီဟောင်ဝီ က ရိုးတိုးရိပ်တိပ်ပြောလာခဲ့သည်။

စီရော်နယ်ဒိုနှင့် ရူဘင်နီဗက်စ်တိုကဲ့သို ကစားသမားများသည် နယူးကာဆယ်အတွက် အငှားပစ်မှတ်တွေ ဖြစ်လာနိုင်မလားဟူသည့် မေးခွန်းကို ဟောင်ဝီ က “ဒါဟာ နယူးကာဆယ်အတွက် သင့်လျော်မှု ရှိမရှိအပေါ် မူတည်ပါတယ်။” ဟု ဖြေကြားခဲ့သည်။
နယူးကာဆယ်သည် အသင်းပိုင်ရှင်များက ချမ်းသာကြွယ်ဝနေသော်လည်း အပြောင်းအရွှေ့တိုင်းတွင် ငွေသားကို ပက်ဖြန်းနိုင်မည်မဟုတ်ကြောင်းလည်း ဟောင်ဝီ က ဝန်ခံခဲ့သည်။

“ကျွန်တော်တိုမှာ အလုပ်လုပ်ဖို အရမ်းတင်းကျပ်တဲ့ ဘတ်ဂျက်တစ်ခုရှိပါတယ်။ တစ်ခါတလေ စိတ်ပျက်စရာတွေနဲ့ ခက်ခဲတဲ့နေ့ရက်တွေရှိခဲ့ပါတယ်။ ဒီနွေရာသီမှာ ကျွန်တော် စိတ်ခံစားမှုအားလုံးကို ဖြတ်သန်းခဲ့ပါတယ်။ ဆန်ဒရို ကို ခေါ်ယူခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်၊ ဒီထက်ပိုအပ်တာကိုလည်း သိပါတယ်။ ပိုပြီး စိတ်ရှည်သည်းခံပြီး မှန်ကန်တဲ့ သူတွေကို စောင့်ဖို ပြင်ဆင်ထားပေမဲ့ အားကောင်းဖို လိုတယ်ဆိုတာကိုလည်း သိထားတာကြောင့် မြန်မြန်ဆန်ဆန် ရွှေ့ဖို လိုတဲ့အချိန်မျိုး ရောက်လာနိုင်ပါတယ်။ အဆင့်အတန်းတူညီတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖိုလိုတယ်။ ကျွန်တော်တိုဟာ တီထွင်ဖန်တီးနိုင်စွမ်းရှိဖို လိုကောင်းလိုပေမဲ့ အသင်းကို ပိုသန်မာလာစေဖိုအတွက် တတ်နိုင်သမျှ လမ်းကြောင်းတိုင်းကို ကြည့်ဖို ကြိုးစားနေပါတယ်။” ဟုလည်း ပြောကြားခဲ့သည်။

PIF သည် နယူးကာဆယ်၏ ၈၀% ကို ပိုင်ဆိုင်ပြီး ဆော်ဒီပရိုလိဂ် လေးခုကို ထိန်းချုပ်ထားသည်။ ယခုနွေရာသီတွင် ဆော်ဒီ၌ ကာရင် ဘင်ဇီမာ ၊ N’Golo Kante ၊ ရောဘတ်တို ဖာမီနို နှင့် နီဗက်စ် တိုသည် ခရစ်စတီယာနိုရော်နယ်ဒိုပြီးလျှင် ထိပ်တန်းရေပန်းစားနေကြသူများဖြစ်သည်။