အာဂျင်တီးနား ကွင်းလယ်ကြယ်ပွင့် ကစားသမား အန်ဇိုဖာနန်ဒက်ဇ်အတွက် စာချုပ်လျော်ကြေးပေးချေပါက ဇန်နဝါရီမှာပင် ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း ဘင်ဖီကာအသင်းဥက္ကဋ္ဌ ရူအီကော်စတာက ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရသည်။

အသက် ၂၁ နှစ်သာရှိသေးသူ အန်ဇိုဖာနန်ဒက်ဇ်သည် ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းအတွက် ပွဲအားလုံးပါဝင်ကစားခွင့်ရခဲ့ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ဆွတ်ခူးရယူနိုင်ခဲ့သူဖြစ်သည်။ ၎င်းကို ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးလ်နှင့် မန်ယူအသင်းတို့က စိတ်ဝင်စားနေပြီး ချယ်လ်ဆီးအသင်းက ခေါ်ယူနိုင်ရန် အလားအလာအကောင်းဆုံးဖြစ်နေသည်။

၎င်း၏အနာဂတ်နှင့်ပတ်သက်၍ ဘင်ဖီကာအသင်းဥက္ကဋ္ဌ ရူအီကော်စတာက “ကျွန်တော်တို့အနေနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ဇန်နဝါရီမှာ လက်မလွှတ်ချင်ပါဘူး။ ဒါပေမဲ့ ယူရို သန်း ၁၂၀ နဲ့ ကမ်းလှမ်းမယ်ဆိုရင်တော့ ဒီချာတိတ်အတွက် စိတ်ကျေနပ်အောင် လုပ် ပေးချင်ပါတယ်” ဟု DAZN ရုပ်သံသို့ ပြောကြားခဲ့သည်။

အန်ဇိုဖာနန်ဒက်ဇ်သည် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်း အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ယခုနှစ် ဇွန်လတွင် ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း၊ Add-ons ကြေး ယူရိုရှစ်သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ၎င်းအနေဖြင့် ဘင်ဖီကာအသင်းအတွက် ၂၄ ပွဲကစား၊ သုံးဂိုးသွင်းယူထားပြီး ခြောက်လအကြာမှာပင် ပြန်လည်ထွက်ခွာရန် နီးစပ်နေခြင်းဖြစ်သည်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကမူ ၎င်း၏စာချုပ်လျော်ကြေးမှာ အဓိကပြ






