Friday, March 13, 2026
spot_img
spot_img

စပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်မှာ ပြင်းပြင်းထန်ထန်ကစားကြဖို့ ကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက လာမယ့်ဗုဒ္ဓဟူးနေ့ စပို့တင်းလစ္စဘွန်းနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ ပြိုင်ဘက်ကို သနားညှာတာခြင်းမရှိဘဲ ပြင်းပြင်းထန်ထန်ကစားကြဖို့ အသင်းရဲ့ကစားသမားတွေကို တိုက်တွန်းပြောဆိုလာခဲ့ပါတယ်။
ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးပြီးနောက် ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီး နိုင်ပွဲပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အာတီတာအနေနဲ့ ချန်ပီယံလိဂ်မှာလည်း အင်တာမီလန်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့မှုမှ ပြန်လာနိုင်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် နောက်ဆုံးနိုင်ပွဲရခဲ့ခြင်းမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော် ၂၀၂၃ ခုနှစ် အောက်တိုဘာလကဖြစ်ပြီး ထိုစဉ်က ဆီဗီလာကို ၁-၂ နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ အာတီတာက “ အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ဆိုတာ ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်နေတဲ့ အရာတစ်ခုပါပဲ။ ကျွန်တော်တို့ မှန်ကန်တဲ့ခြေလှမ်းတွေလှမ်းထားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ခြေလှမ်းတွေက တစ်လှမ်းပြီးရင် တစ်လှမ်း ဆက်တိုက်လှမ်းနိုင်ဖို့လိုပါတယ်။ ဒါကြောင့် အညှာအတာကင်းရမယ်။ ပြိုင်ဘက်ရဲ့ဂိုးဧရိယာထဲမှာ သောင်းကျန်းရမယ်။ ပြီးတော့ အဝေးကွင်းမှာ ရမှတ် ၃ မှတ်အပြည့်ယူရပါမယ်” လို့ပြောကြားခဲ့ပါတယ်။

Mikel Arteta urges his players to give their all when they travel to Sporting Lisbon for the Champions League on Wednesday


ဆက်လက်ပြီး အာဆင်နယ်အနေနဲ့ အဆုံးသတ်ပိုင်းမှာ တိုးတက်ဖို့လိုအပ်နေကြောင်းကို စပိန်သားက “ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ကျွန်တော်တို့ပြုလုပ်နိုင်ခဲ့တဲ့ အခွင့်အရေးဖန်တီးမှုတွေက အနိုင်ရဖို့ ထိုက်တန်ခဲ့တာချည်းပါပဲ။ ဒါပေမယ့် အဆုံးသတ်ပိုင်းမတည်ငြိမ်လို့ နိုင်ပွဲတွေနဲ့ လွဲချော်ခဲ့ပါတယ်။ ကျွန်တော်အမြဲတမ်းပြောနေသလိုပါပဲ။ ချန်ပီယံလိဂ်မှာ အရေးကြီးဆုံးက ဂိုးဧရိယာအတွင်း စွမ်းဆောင်ရည်နဲ့ သေးငယ်တဲ့ အချက်အလက်လေးတွေပါပဲ။ ဒါတွေအကုန်လုံးကို ကျွန်တော်တို့ မှန်မှန်ကန်ကန်လုပ်ဖို့လိုပါတယ်။ အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေမှာပေါ့” လို့ပြောကြားခဲ့ပါတယ်။
ယခုစပို့တင်းလစ္စဘွန်းနဲ့ပွဲစဉ်မှာ အာတီတာသတိထားဖို့လိုအပ်နေတဲ့ ကစားသမားက တိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ဖြစ်ပြီး ဆွီဒင်လက်ရွေးစင်ကစားသမားဟာ ယခု ၂၀၂၄ ခုနှစ် ပြက္ခဒိန်တစ်နှစ်တာအတွင်းမှာ ကလပ်နဲ့နိုင်ငံအသင်းအတွက် စုစုပေါင်း ၅၅ ပွဲကစားထားရာမှာ ၅၉ ဂိုးအထိသွင်းယူထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးဘက်ကို ဟက်ထရစ်သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးကို ယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေက ခေါ်ယူဖို့စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။
အာတီတာအနေနဲ့ အသင်းရဲ့နောက်ခံကစားသမား ၂ ဦးဖြစ်တဲ့ ဘန်ဝှိုက်နဲ့ တိုမီယာစုတို့ကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားရပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မန်စီးတီးကိုအနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်အပြီးကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ တီယာနေးကိုတော့ ပြန်လည်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments