Wednesday, March 11, 2026
spot_img
spot_img

စပါးကို (၁၀)ဂိုးလောက်အထိ သွင်းယူနိုင်ခဲ့သင့်တယ်လို့ ရိုက်စ် ဆို –

မနေ့ညက မြောက်လန်ဒန် ဒါဘီပွဲစဥ်မှာ အိမ်ရှင် အာဆင်နယ်က မြို့ခံကလပ် စပါးအသင်းကို comeback ရလဒ် (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကတော့ သူတို့အသင်းဟာ စပါးကို (၁၀)ဂိုးလောက်အထိတောင် သွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က စပါးနဲ့ ဒါဘီပွဲစဥ်မှာ ဂိုးကန်သွင်းမှု (၁၄)ကြိမ်နဲ့ Expected Goals(xG) မှာလည်း 1.64 အထိ ရှိခဲ့ပေမယ့် ပထမပိုင်း ပွဲကစားချိန်မှာပဲ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး (၂)ဂိုးတည်းနဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။ အခုဆိုရင် အာဆင်နယ်ဟာ ၂၀၂၂ အောက်တိုဘာလနောက်ပိုင်း စပါးအသင်းကို (၈)ပွဲဆက်တိုက်အထိ လုံးဝရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒက်ကလန် ရိုက်စ်ကတော့ အခုပွဲရလဒ်ထက် ပိုမို ပြတ်သားတဲ့ ရလဒ်မျိုးနဲ့ အပြတ်အသတ် အနိုင်ယူခဲ့သင့်တယ်လို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။ “ဒီညပွဲက အရာအားလုံးထက် ပိုအဓိပ္ပါယ် ရှိပါတယ်။ ပထမပိုင်း (၄၅)မိနစ်မှာ ကျွန်တော်တို့က အပြည့်အဝ လွှမ်းမိုးထားနိုင်သလို ရည်ရွယ်ချက်တွေ စိတ်အားထက်သန်မှုတွေ တွန်းအားတွေကို ပြသနိုင်ခဲ့တယ်။”

Declan Rice says Tottenham should have scored 10 goals

“ဒါက မြို့ခံဒါဘီပွဲတစ်ပွဲ ဖြစ်ပေမယ့် အရိုးသားဆုံး ပြောရရင်တော့ ဒီညပွဲမှာ (၁၀)ဂိုး မသွင်းနိုင်တာက ကံမကောင်းခဲ့ဘူးလို့ ထင်ပါတယ်။ ဒါက ကျွန်တော့် ခံစားချက်ပါပဲ။” လို့ ရိုက်စ်က ပြောဆိုသွားပါတယ်။ဒါ့အပြင် ရိုက်စ်က အခု ဆောင်းစျေးကွက်အတွင်း ကစားသမား ဖြည့်တင်းမှုနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ဂါဘီ(ဂျေဇူး)ကို ဆုံးရှုံးရပြီ။ သူက ACL ရထားတာဆိုတော့ တစ်နှစ်လောက်အထိ နားရနိုင်တယ်။ ဒါက တကယ် ခက်ခဲပါတယ်။”

“ဒါကြောင့် နည်းပြက တစ်ခုခု လုပ်ဆောင်လိမ့်မယ်ဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က left-wing အတွက် တီယာနေးကိုပါ ပြန်ခေါ်ထားဆိုတော့လေ။ အခု ဈေးကွက်က အနည်းငယ် တိုတောင်းပေမယ့် ဒီဈေးကွက်ထဲမှာ ကျွန်တော်တို့ဘက်က ကစားသမား ခေါ်ယူဖြစ်မယ်ဆိုရင် ဒါဟာ အံ့သြစရာ မရှိပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်ယူနိုက်တက်ကို အက်ဖ်အေဖလားပြိုင်ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာထားခဲ့ရပေမယ့် အခုလို မြို့ခံကလပ်ကို အနိုင်ရလိုက်တာက အာဆင်နယ်အတွက် ကျေနပ်စရာကောင်းသလို ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်က လီဗာပူးလ်နဲ့ (၄)မှတ်သာ ကွာဟနေပါတော့တယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments