စထရာဘိုးအသင်းနှင့် ကစားခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ်တွင် ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာသည် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြန်ပြီး ပရိသတ်များ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရှိရ သည်။

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားသည့် လီဂူး – ၁ ပွဲစဉ်တွင် PSG အသင်းက စထရာဘိုးအသင်းကို အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရပြီး နေမာမှာ (၆၂) မိနစ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
နေမာသည် (၁-၁) ဂိုးဖြင့် သရေဖြစ်နေစဉ် ဒုတိယပိုင်း (၆၂) မိနစ်တွင် ပယ်နယ်တီရရှိရန် ဟန်ဆောင်လှဲချသောကြောင့် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရခြင်းဖြစ်သည်။
သို့ဖြစ်ရာ Twitter အပါအဝင် လူမှုမီဒီယာအသုံးပြုသူများက နေမာ၏လုပ်ရပ်ကို ပြင်းထန်စွာ ဝေဖန်ပြစ်တင်နေခြင်းဖြစ်သည်။

“နေမာရဲ့ ဒိုင်ဗင်ကိစ္စ အတွေးတွေလား။ လာမယ့် အိုလံပစ်ပြိုင်ပွဲတွေမှာ သူက ပရော်ဖက်ရှင်နယ်ဒိုင်ဗင်သမားတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်တယ်”ဟု လည်းကောင်း၊ “သူက အ ရမ်းတော်တဲ့သူပါ။ ဒါပေမဲ့ ဒီလိုကိစ္စ တွေကိုလည်း လုပ်တတ်တယ်”ဟု လည်းကောင်း ဝေဖန်ပြောဆိုလျက်ရှိ သည်။
PSG အသင်းသည် ယင်းပွဲတွင် နာကျင်အချိန်ပို (၉၀+၆) မိနစ်၌ ဘာပေ၏ ပယ်နယ်တီဂိုးကြောင့် (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။






