Friday, March 13, 2026
spot_img
spot_img

ငွေသုံးတိုင်းမအောင်မြင်ဘူးဆိုတာ ချဲလ်ဆီးကိုနမူနာယူရင် သိနိုင်ကြောင်း တန်းဟက်ပြော

မန်ယူအသင်းမန်နေဂျာ တန်းဟက်က ချဲလ်ဆီးအသင်းကို နမူနာကြည့်ခြင်းအားဖြင့် ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် အသင်းများသည် ရုန်းကန်ရတတ်သည်ကို တွေ့ရကြောင်း ပြောဆိုလိုက်သည်။ မန်ယူပိုင်ရှင် ဂလေဇာမိသားစုသည် အသင်းအား တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝဥဿုံရောင်းချရန် ပြင်ဆင်နေသည်။

ချဲလ်ဆီးသည် ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် ပေါင်သန်း ၅၀၀ ကျော် အသုံးပြု၍ ကစားသမားအင်အား ဖြည့်တင်းခဲ့သော်လည်း စိတ်ပျက်ဖွယ် ဘောလုံးရာသီတစ်ခုကို ရရှိခဲ့သည်။ လက်ရှိအချိန်တွင် အဆင့် ၁၂ နေရာ၌ ရပ်တည်နေပြီး နည်းပြအပြောင်းအလဲကို တစ်ရာသီအတွင်း ၃ ကြိမ် ပြုလုပ်ထားရသည်။ မန်ယူနှင့်ချဲလ်ဆီးသည် ယနေ့ညတွင် အိုးထရက်ဖို့၌ ကစားရမည်ဖြစ်သည်။

“ငွေသုံးတဲ့နေရာမှာ ပညာသားပါရမယ်။ လက်ရှိအနေအထားမှာ မန်နေဂျာကောင်း၊ ကစားသမားကောင်း စုစည်းနိုင်ဖို့လိုတယ်။ ပရီးမီးယားလိဂ်က ငွေသုံးနိုင်တဲ့အသင်းတွေများတော့ ပြိုင်ဆိုင်မှုပြင်းထန်သလို ခက်ခဲကြမ်းတမ်းပါတယ်။ မှန်မှန်ကန်ကန် ငွေသုံးတတ်ဖို့လိုတယ်။ ဗျူဟာတစ်ခုချမှတ်ပြီး ငွေသုံးသင့်ပါတယ်”ဟု တန်းဟက်က ပြောဆိုသည်။

မန်ယူအသင်းသည် တိုက်စစ်မှူးစစ်စစ်တစ်ဦးကို ခေါ်ယူရန် ကြိုးစားနေပြီး ဟယ်ရီကိန်းကို အပြောင်းအရွှေ့ကာလစတင်သည်နှင့် လက်ဦးမှုယူကာ ခေါ်ယူသွားရန်ရှိကြောင်း၊ ကိန်းကို ခေါ်ယူနိုင်လျှင် ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မည်ဟု မန်ယူတာဝန်ရှိသူများက ယူဆနေကြောင်း ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။ အသက် ၂၉ နှစ်အရွယ်ရှိ ကိန်းသည် လက်ရှိဘောလုံးရာသီတွင် ၂၈ ဂိုး သွင်းထားပြီး ပရီးမီးယားလိဂ်တွင် ဒုတိယဂိုးအများဆုံးသွင်းသူ တိုက်စစ်မှူး ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments