Monday, September 29, 2025
spot_img
spot_img

ဂျမေကာအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် မက်ဆီ လက်ရွေးစင်နိုင်ပွဲ (၁၀၀) ပြည့်ခဲ့ပြီး အာဂျင်တီးနားအသင်းလည်း စံချိန်တစ်ခုကို လိုက်မီရန်နီးစပ်လာ

ဂျမေကာအသင်းကို (၅-၁)ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အာဂျင်တီးနားလက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်နှင့် တိုက်စစ်မှူးဖြစ်သည့် မက်ဆီသည် လက်ရွေးစင်အသင်းနှင့် နိုင်ပွဲ (၁၀၀) ပြည့်မြောက်ခဲ့ပြီး အာဂျင်တီးနားအသင်းမှာလည်း အီတလီအသင်း တင်ရှိထားသည့် ကမ္ဘာ့စံချိန်တစ်ခုကို လိုက်မီရန် နီးစပ်လာခဲ့ကြောင်း သိရှိရသည်။

မက်ဆီသည် ယင်းပွဲတွင် အရန်ခုံ၌ နားနေခဲ့ရပြီး ပွဲချိန် (၅၆) မိနစ်မှ လူစားဝင်လာခဲ့ကာ အသင်းအတွက် ဂိုးနှစ်ဂိုးလည်း သွင်းယူပေးခဲ့သည်။

ယင်းအတွက်ကြောင့် မက်ဆီသည် လက်ရွေးစင်အသင်းအတွက် စုစုပေါင်း (၁၆၄)ပွဲ ကစားရာတွင် သွင်းဂိုး (၉၀)အထိ ရောက်ရှိလာခဲ့ပြီး လက်ရွေးစင်အသင်းအတွက် နိုင်ပွဲမှာ လည်း (၁၀၀) ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်းသည် ယင်းပွဲကို အနိုင်ရရှိခဲ့သည့်အတွက် ယခင်က အီတလီအသင်း တင်ရှိထားသည့် နိုင်ငံတကာပွဲ (၃၇) ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို လိုက်မီရန် နီးစပ်လာခဲ့ပြီး ယခုအချိန်တွင် (၃၅) ပွဲအထိ ရောက်ရှိလာခဲ့ကြောင်းလည်း သိရှိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နှစ်ကြိမ်တိုင် ဗိုလ်စွဲထားသည့် အာဂျင်တီးနားအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်စွဲရန် ရေပန်းစားနေသည့်အသင်းများထဲမှ တစ်သင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments