Saturday, September 13, 2025
spot_img
spot_img

ဂိုး ၁၀၀၀ ပြည့်ဖို့ ပစ်မှတ်ထားခဲ့ပြီးနောက် တန်ဖိုးမထားခံရကြောင်း အခိုင်အမာပြောကြားလာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

အယ်လ်နာဆာစတား ရော်နယ်ဒိုက သူ့အနေနဲ့ ဂိုး ၁၀၀၀ ပြည့်အောင်သွင်းယူဖို့ ပစ်မှတ်ထားခဲ့ပြီးနောက် တန်ဖိုးထားမခံရတော့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အသက် ၃၉ နှစ်သားဟာ နိုင်ငံနဲ့ကလပ်အတွက် ပွဲပေါင်း ၁၂၆၁ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၉၂၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
သမိုင်းတစ်လျှောက်အခုလိုမျိုးပြိုင်ပွဲတွေမှာ ဂိုးပေါင်း ၉၀၀ ကျော်သွင်းယူနိုင်တဲ့ကစားသမားမျိုးမပေါ်သေးတာဖြစ်ပါတယ်။

ဂိုးပေါင်း ၉၀၀ ကျော်သွင်းယူထားပေမယ့်လည်း ရော်နယ်ဒိုက ကစားသမားဘ၀ ဂိုး ၁၀၀၀ ပြည့်မြောက်အောင်သွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုက “ဂိုး ၁၀၀၀ ပြည့်အောင်သွင်းဖို့ဆိုတာက ကြီးမားလွန်းပါတယ်။ကျွန်တော် အပြစ်ရှိသလိုခံစားရပါတယ်။ အဲ့တာက ကျွန်တော်လုပ်နေတာတွေနဲ့ပတ်သက်ပြီး တန်ဖိုးမထားသလို ခံစားရပါတယ်။ဥပမာအားဖြင့် ဒီနှစ်မှာ ကျွန်တော်ဂိုးတွေအများကြီးသွင်းထားသလို အရမ်းကောင်းတဲ့ဂိုးတွေလည်း ပါဝင်ပါတယ်။ ကျွန်တော် အကောင်းဆုံးလုပ်နေပေမယ့် လူတွေက တန်ဖိုးမထားကြပါဘူး။

Cristiano Ronaldo has made 923 appearances for club and country in 1,261 appearances.

သူတို့က ကျွန်တော် ၈၅ ဂိုးလောက်လွဲချော်နေတယ်လို့ ထင်နေကြပါတယ်။ ကျွန်တော် အဲ့တာကို မကြိုက်ပါဘူး။ အခြေအနေတွေက သာမန်အတိုင်းဖြစ်ပျက်နေပါတယ်။ ကျွန်တော် ဂိုး ၉၂၀ ၊ ၉၂၅ ဒါမှဟုတ် ၉၃၀ သွင်းယူနိုင်ခဲ့ရင်တောင် အဲ့တာက ကျွန်တော့်သမိုင်းပဲဖြစ်နေမှာပါ။ ကျွန်တော် ဂိုးတွေအများကြီးသွင်းယူထားနိုင်ပါတယ်။ အချက်အလက်တွေကို မြင်နိုင်ပါတယ်။ ဂိုး ၁၀၀၀ ပြည့်ခဲ့ရင်တော့ အဲ့တာက တကယ့်ကိုကြီးမားတဲ့အရာဖြစ်လာမှာပါ။ အဲ့တာကဖြစ်လာနိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကျွန်တော် နှိမ့်ချစွာပဲပြောချင်ပါတယ်။

ကျွန်တော့်ကိုယ် ကျွန်တော်ဖိအားမပေးချင်ပါဘူး။ ကျွန်တော် လက်ရှိအခိုက်အတန့်ကိုပဲ တွေးထားပါတယ်။ မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်မသိပါဘူး”လို့ ရော်နယ်ဒိုက ဖြေကြားခဲ့ပါတယ်။ ဆော်ဒီလိဂ်ကိုပြောင်းပြီးကတည်းက ပေါ်တူဂီသားဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဒီရာသီပြိုင်ပွဲစုံ ၂၅ ပွဲမှာ ၂၃ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းအဆင့်မှာလည်း ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ၂၁၆ ပွဲမှာ ၁၃၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိမှာ အယ်လ်-ဖိုင်ဟာအသင်းနဲ့ပွဲအတွက် အာရုံစိုက်နေပြီး ဆော်ဒီလိဂ်မှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးကလည်း ရော်နယ်ဒိုတစ်ယောက် ဂိုး ၁၀၀၀ ပြည့်သွင်းယူနိုင်မလားဆိုတာကို စောင့်ကြည့်နေကြပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments