Friday, January 16, 2026
spot_img
spot_img

ဂါနာချိုကို စံချိန်တင်စာချုပ်သက်တမ်းဖြင့် သက်တမ်းတိုးရန် မန်ယူအသင်း ဆန္ဒရှိ

မန်ယူအသင်းသည် အာဂျင်တီးနားဆယ်ကျော်သက်ကစားသမား ဂါနာချိုကို စံချိန်တင်စာချုပ်သက်တမ်းဖြင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဂါနာချို(၁၈ နှစ်)သည် ၂၀၂၂ ဧပြီလကမှ မန်ယူအသင်းအတွက် စတင်ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်သော်လည်း ၎င်း၏ခြေစွမ်းနှင့် အလားအလာကို မန်ယူအသင်းက သဘောကျနေသည့်အတွက် (၈)နှစ်တာသက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

သို့သော် ၂၀၂၄ ခုနှစ်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဂါနာချိုကမူ (၄)နှစ်ထက်ပို၍ သက်တမ်းတိုးလိုခြင်းမရှိကြောင်း သိရသည်။

မန်ယူအသင်းသည် အသင်း၏သမိုင်းတစ်လျှောက် မည်သည့်ကစားသမားကိုမျှ (၈)နှစ်သက်တမ်းတိုးဖူးခြင်း မရှိသေးပေ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments