Wednesday, October 29, 2025
spot_img
spot_img

ဂါနာချိုကို ချယ်လ်ဆီးဆီ ရောင်းချပြီး ချယ်လ်ဆီးကနေ အန်ကွန်ကူကို ပြန်ခေါ်မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ချယ်လ်ဆီးအသင်းဆီ ရောင်းချဖို့ ဆွေးနွေးနေစဉ်မှာပဲ ချယ်လ်ဆီးက တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူရဲ့ အနာဂတ် အခြေအနေနဲ့ အသေးစိတ် အချက်အလက်တွေကိုပါ ပြန်လည် မေးမြန်းထားတယ်လို့ ESPN ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က ဒီဆောင်းဈေးကွက်မှာပဲ အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ဂါနာချိုနဲ့ အန်တိုနီတို့ နှစ်ဦးလုံးကို လက်လွတ်သွားရနိုင်တာကြောင့် သူတို့နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် တိုက်စစ်ကစားသမားတစ်ဦး မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။

လတ်တလောမှာ ယူနိုက်တက်က ဘယ်နောက်ခံနေရာအတွက်သာ လက်ချီက ဘယ်နောက်ခံလူ ပက်ထရစ် ဒိုဂူကို အမှန်အကန် ကြိုးပမ်းနေတာဖြစ်ပြီး အခုတော့ ဂါနာချိုကို ချယ်လ်ဆီးအသင်းဆီ ရောင်းချဖို့ ဆွေးနွေးနေတုန်းမှာပဲ ချယ်လ်ဆီးမှာ ပုံမှန်ပွဲကစားခွင့် သိပ်မရတဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူကို ခေါ်ယူဖို့ပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Man United to sell Garnacho to Chelsea, bring Nkunku back from Chelsea

အသက်(၂၇)နှစ်အရွယ် ပြင်သစ် ကစားသမား အန်ကွန်ကူဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ဟောင်းဖြစ်ပြီး လိုက်ပ်ဇစ်မှာ ကစားခဲ့စဉ်ကတည်းက ယူနိုက်တက်နဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ကမှ အန်ကွန်ကူဟာ ချယ်လ်ဆီးကို ပေါင်(၅၂)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်မှာတုန်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ အန်ကွန်ကူဟာ ချယ်လ်ဆီးကို စရောက်ကတည်းက ဒူးဒဏ်ရာ ခွဲစိတ်မှု လုပ်ဆောင်ခဲ့ရပြီး ဒီဇင်ဘာမှသာ စတင်ကစားနိုင်ခဲ့သလို အဲ့ဒီနောက်ပိုင်းလည်း တံကောက်ကြောနဲ့ တင်ပါးဒဏ်ရာတွေကြောင့် စုစုပေါင်း ရက်ပေါင်း(၂၀၀)နီးပါးလောက်အထိ အနားယူလိုက်ရပါတယ်။

ဒီရာသီတော့ နည်းပြသစ် မာရက်စ်ကာလက်ထက် အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးနေရတဲ့ အန်ကွန်ကူဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး တောက်လျှောက် လှုပ်ခတ်နေရသလို အခုဆိုရင်လည်း သူ့ကို ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက်တို့ကပါ ခေါ်ယူချင်လာခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက ဂါနာချို အပြောင်းအရွှေ့နဲ့ ဆက်စပ်ပြီး အန်ကွန်ကူကိုပါ ဘိုင်ယန်ထက် ယူနိုက်တက်ဆီ ပြန်ရောင်းချဖို့ ပိုမို ဖြစ်နိုင်ခြေများနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments