Wednesday, March 4, 2026
spot_img
spot_img

ဂရင်းဝုဒ်၏ အပြုအမူ၊ စွမ်းဆောင်ရည်များနှင့်ပတ်သက်၍ မိမိတို့ပျော်ရွှင်မိကြောင်းနှင့် အနာဂတ်ကို မန်ယူအသင်းကသာ ဆုံးဖြတ်လိမ့်မည်ဟု ဂီတာဖေးနည်းပြ ဘော်ဒါလက်စ် ဆို

ဂီတာဖေးအသင်း၏ စပိန်လူမျိုး နည်းပြ ဘော်ဒါလက်စ် (၆၀ နှစ်)က မန်ယူအသင်းမှ အငှားလာရောက်ကစားနေသည့် အသင်း၏အင်္ဂလန်ကြယ်ပွင့်တိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ် (၂၂ နှစ်)၏ အပြုအမူများ၊ စွမ်းဆောင်ရည်များနှင့်ပတ်သက်၍ မိမိတို့ ပျော်ရွှင်မိကြောင်းပြောကြားခဲ့သည်။

မန်ယူအသင်းအကယ်ဒမီထွက် ကစားသမားဖြစ်သူ ဂရင်းဝုဒ်သည် အင်္ဂလန်ဘောလုံးလောက၏ ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူဖြစ်သော်လည်း လွန်ခဲ့သည့် (၂)နှစ်က ဖြစ်ပွားခဲ့သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာပြဿနာနှင့်အတူ မန်ယူအသင်းအတွက် ပွဲကစားခွင့်ပိတ်ပင် ခံခဲ့ရသူဖြစ်သည်။

ထို့ကြောင့် ဂရင်းဝုဒ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီက လာလီဂါကလပ် ဂီတာဖေးအသင်း ထံအငှားသွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၇)ပွဲကစားရာတွင် သွင်းဂိုး (၈)ဂိုးနှင့် ဂိုးဖန်တီးမှု (၈)ကြိမ်အထိပြုလုပ်ကာခြေစွမ်းပြနိုင်ခဲ့သည်။

မန်ယူအသင်းအနေဖြင့် ဂရင်းဝုဒ်အားအသင်းထံပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေသော်လည်း ပတ်ဝန်းကျင်၏ဖိအားများကြောင့် လာမည့်နွေရာသီတွင် အပြီးသတ်ရောင်းချဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့သည်။

ဂရင်းဝုဒ်အားအပြီးသတ်ခေါ်ယူရန်အတွက် ဂီတာဖေးအသင်းအပြင် ဘာစီလိုနာ၊ ဗီလာရီးယဲလ်အစရှိသည့် အသင်းများမှလည်း စိတ်ဝင်စားနေပြီး မန်ယူအသင်းအနေဖြင့် ကစားသမား အတွက်ပြောင်းရွှေ့ကြေးအနည်းဆုံး ယူရိုသန်း (၅၀)ကျော်အလိုရှိနေကြောင်းသိရသည်။

ဘော်ဒါလက်စ်ကမူ မိမိတို့အနေဖြင့် ဂရင်းဝုဒ်အားအသင်းတွင်ဆက်ရှိစေလိုသော်လည်း အနာဂတ်နှင့်ပတ်သက်၍ မန်ယူအသင်းကသာ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments