Monday, November 10, 2025
spot_img
spot_img

ဂန်းနားတို့ မက်ဒီဆင် ကို မခေါ်ဖို့ သတိပေး ခံရတဲ့ သတင်း အပါအဝင် နောက်ဆုံးရ အာဆင်နယ် သတင်းမျာ

ပေါလ်ဘရောင်း ကတော့ Give Me Sport မှာ အာဆင်နယ် အသင်း အနေနဲ့ တန်းဆင်း သွားရတဲ့ လက်စတာအသင်း ကွင်းလယ်လူ မက်ဒီဆင် ကို မခေါ်သင့်ကြောင်း တိုက်တွန်း သွားခဲ့ပါတယ် ။ ” မက်ဒီဆင် က သိပ်ကောင်းတဲ့ ကစားသမားဆိုတာ မှန်ပါတယ် ၊ ဒါပေမယ့် အာဆင်နယ် မှာ သူ့အတွက် role မရှိပါဘူး ၊ သူနဲ့ အော်ဒီဂတ် ကို တစ်သင်းတည်းမှာ ဘယ်လို ထားကစားလို့ ရနိုင်မလဲ ကျနော် မမြင်မိပါဘူး ၊ အရိုးသားဆုံး ပြောရရင် စမစ်ရို ကလည်း နံပါတ် ၁၀ ကစားသမား တစ်ဦးပါ ၊ ကစားပုံ ဆင်တူ တဲ့ ကစားသမား ၃ ဦး တစ်သင်းတည်းမှာ အတူ တွဲကစားဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ ထင်ပါတယ် ။ ”

ဗလာဒိုးလစ် အသင်း တန်းဆင်း သွားခဲ့ရတာကြောင့် ဖရက်စ်နီဒါ ရဲ့ စာချုပ် ဖျက်သိမ်းကြေး ဟာ ယူရို သန်း ၂၀ သာ ရှိတော့တယ်လို့ ရိုမာနို က ဆိုလိုက်ပါတယ် ။ ဒါပေမယ့်လည်း ဖရက်စ်နီဒါ ဟာ ဗလာဒိုးလစ် အသင်း ကနေ ယူရို သန်း ၂၀ ထက် နည်းတဲ့ ပမာဏ နဲ့ ထွက်ခွာဖို့ ရှိနေပြီး အာဆင်နယ် ဘက်က စိတ်ဝင်စားမှု ရှိနေဆဲ ဖြစ်ကာ ဒေါ့မွန် အသင်း နဲ့ အပြိုင် ကြိုးပမ်း ရဖွယ် ရှိနေပါတယ် ။

ဘရိုက်တန် အသင်းဟာ သူတို့ရဲ့ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ ကိုင်စီဒို အတွက် အနည်းဆုံး ပေါင် သန်း ၈၀ အလို ရှိနေပါတယ် ။ အာဆင်နယ် အသင်း အနေနဲ့ ကိုင်စီဒို ကို ခေါ်ယူ နိုင်ရေး အတွက် ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့နဲ့ အပြိုင် ကြိုးပမ်းရမှာပါ ။ ဒါ့အပြင် ဆောက်သမ်တန် အသင်း ကွင်းလယ်လူ လာဗီယာ ကို စိတ်ဝင်စားနေကြတဲ့ အသင်းတွေထဲမှာ အာဆင်နယ် ၊ ချဲလ်ဆီး ၊ မန်ယူနိုက်တက် အပြင် လီဗာပူး အသင်းလည်း ပါဝင်နေကြောင်း Daily Mail က ရေးသား ဖော်ပြလိုက်ပါတယ် ။ ဆောက်သမ်တန် အသင်းကတော့ လာဗီယာ အတွက် ပေါင် သန်း ၄၀ ၊ ၅၀ ဝန်းကျင်ရဖို့ မျှော်မှန်း ထားပါတယ် ။

ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ပီအက်စ်ဗွီ ကြယ်ပွင့် ဇာဗီဆိုင်မွန်စ် ကို ပြန်လည် ခေါ်ယူခွင့် နဲ့ ခေါ်ယူဖို့ ချဉ်းကပ် လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။ ဒါပေမယ့် ဇာဗီဆိုင်မွန်စ် ဟာ ပွဲထွက်ခွင့် အတွက် အာမခံချက် လိုချင်တာကြောင့် ပီအက်စ်ဂျီ အသင်းရဲ့ ချဉ်းကပ် ကမ်းလှမ်းမှုကို ‘ yes ‘ လို့ အဖြေပြန်ပေးဖို့ အလှမ်းဝေး နေသေးတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ လာမယ့် ရာသီမှာ ဆာကာ နဲ့ ယှဉ်ပြိုင်ဘက် အဖြစ် တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပီအက်စ်ဗွီ အသင်း ရဲ့တောင်ပံ ကစားသမား ဇာဗီဆိုင်မွန်စ် ကို စောင့်ကြည့် လေ့လာမှုတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်ပေါ် ထားခဲ့တာပါ ။

ရှာ​ကာ နှင့် လေဗာကူဆင် အသင်းတို့ရဲ့အပြောင်းအရွှေ့ ကြန့်ကြာ နေရတဲ့ အကြောင်းအရင်းဟာ အာဆင်နယ် အသင်းဘက်က ရှာကာ နေရာ အစားဝင်မယ့် ကစားသမားသစ် ခေါ်ယူပြီးခါမှ လက်လွှတ် ချင်တာကြောင့် ဖြစ်တယ်လို့ The Sun က ဖော်ပြ လိုက်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments