နော်တင်ဟမ် ဖောရက်စ် အသင်းရဲ့ တိုက်စစ်မှူး Awoniyi က သူ ဟာ ငယ်စဉ်ကတည်းက အာဆင်နယ် အသင်းကို အားပေးပြီး ကြီးပြင်း လာခဲ့သူ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။ Awoniyi ဟာ ၂၀၁၃ ခုနှစ် ယူ၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာ ၄ ဂိုး သွင်းကာ တောက်ပ ခဲ့သူ ဖြစ်ပြီး လီဗာပူး အသင်းရဲ့ ခေါ်ယူခြင်း ခံခဲ့ရပါတယ် ။
ဒါပေမယ့်လည်း Awoniyi ဟာ Work Permit မရတာကြောင့် တခြား အသင်းတွေမှာပဲ ကစား ခဲ့ရပြီး နိုင်ငံ (၃) နိုင်ငံ က ကလပ် အသင်း စုစုပေါင်း ၇ သင်းမှာ အငှားထွက်ကစားခဲ့ရပါတယ် ။ ယူနီယံဘာလင်မှာ ၄၃ ပွဲ ကစားပြီး ဂိုး ၂၀ သွင်းယူ နိုင်ခဲ့တဲ့နောက် ဖောရက်စ် ဟာ Awoniyi ကို စာချုပ်ချုပ် ခေါ်ယူ ခဲ့ပါတယ် ။

Awoniyi ကို ခေါ်ယူခဲ့တဲ့ ဖောရက်စ် ရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန် ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၁၀ ဂိုးကို သွင်းနိုင်ခဲ့ပါတယ် ။ Awoniyက ပရီးမီးယားလိဂ် ဟာ သူ ကစားချင်ခဲ့တဲ့ နေရာဖြစ်ပြီး သူက အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်ကြောင်း Soccernet နဲ့ အင်တာဗျူး မှာ ပြောကြား သွားခဲ့ ပါတယ် ။

” ဘယ်သူမှ မယုံကြည်ရင်တောင် ကျနော် ကတော့ ရည်မှန်းချက်အိပ်မက်ကြီးကြီးပဲ ထားပါတယ် ။ ဒါကို ကျနော့် ငယ်သူငယ်ချင်းတွေ ကောင်းကောင်း သိကြပါတယ် ၊ တနေ့မှာ ကျနော် အာဆင်နယ် လို ပရီးမီးယားလိဂ် အသင်း၁ သင်းမှာ ကစား နိုင်ရမယ်ဆိုတဲ့ အကြောင်း သူငယ်ချင်းတွေကို အမြဲ ပြောလေ့ ရှိခဲ့ပါတယ် ၊ အာဆင်နယ် က ကျနော် ငယ်ငယ်လေးကတည်းက အားပေးခဲ့ရတဲ့ အသင်းပါ ။ ”
” အခု လက်ရှိမှာ ပရီး မီးယားလိဂ် ကလပ် အသင်း တစ်သင်းမှာ ကစား နေရပြီဆိုတော့ ကျနော် အရင်က ပြောခဲ့တဲ့ စကားတွေ အမှန်တကယ် ဖြစ်နေပြီလို့ ဆိုနိုင်တာပေ့ါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






