Friday, October 17, 2025
spot_img
spot_img

ချဲလ်ဆီးနှင့်ယနေ့ည စာချုပ် ချုပ်ဆိုဖြစ်ဖွယ်ရှိတဲ့ ပိုချက်တီနို

ချဲလ်ဆီးအသင်း တာဝန်ရှိသူများသည် လော့စ်အိန်ဂျလိစ်တွင်စုဝေးနေပြီး မန်နေဂျာရာထူးအတွက် ပိုချက်တီနိုကို ယနေ့စနေနေ့ညတွင် တရားဝင်ကမ်းလှမ်းဖွယ်ရှိနေသည်။ နာဂယ်စ်မန်းက ချဲလ်ဆီးအသင်းကို  တာဝန်ယူရန် ငြင်းပြီးနောက်တွင် ပိုချက်တီနိုသည် ချဲလ်ဆီးအသင်းမန်နေဂျာရာထူးအတွက် နံပါတ်တစ်ပစ်မှတ်ဖြစ်လာသည်။

အသက် ၅၁ နှစ်အရွယ်ရှိပိုချက်တီနိုသည် ပြီးခဲ့သည့်နွေရာသီတွင် ပီအက်စ်ဂျီအသင်းနှင့်လမ်းခွဲပြီးနောက် မည်သည့်အသင်းနှင့်မျှ လက်တွဲခြင်းမရှိသေးချေ။ ပိုချက်တီနိုသည်ပြီးခဲသည့်တနင်္လာနေ့တစ်နေ့လုံးတွင် ချဲလ်ဆီးမန်နေဂျာရာထူးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးနေပြီး များစွာခရီးရောက်နေပြီဖြစ်ကြောင်းလည်း သတင်းများကဖော်ပြသည်။

ယနေ့ညတွင် ချဲလ်ဆီးအသင်းတာဝန်ရှိသူများနှင့် ပိုချက်တီနိုတို့သည် လော့စ်အိန်ဂျလိစ်တွင် တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုထားပြီး လန်ဒန်အခြေစိုက်အသင်းက အာဂျင်တိုင်းလူမျိုးမန်နေဂျာကို စာချုပ်တစ်ရပ်ကမ်းလှမ်းဖွယ် ရှိနေသည်။ ပိုချက်တီနိုနှင့် စာချုပ်ချုပ်ဆိုပြီးလျှင် အာဂျင်တိုင်းလူမျိုးမန်နေဂျာသည် ချဲလ်ဆီးကို  ချက်ချင်းတာဝန်ယူမည်လား နွေရာသီကျမှ ကိုင်တွယ်မည်လားဆိုသည်မှာမူ သေချာခြင်းမရှိသေးချေ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments