Monday, October 20, 2025
spot_img
spot_img

ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ ကောလဟလ အပေါ် တုန့်ပြန်လာတဲ့ ဒီဘားလား

ချဲလ်ဆီး အသင်းဟာ ရိုးမား အသင်းရဲ့ အာဂျင်တီးနား နောက်ချန် တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိပ်မကြာသေးခင်ကမှ အီတလီ သတင်းတွေရဲ အဆိုအရ သိရပါတယ် ။ သို့ပေမယ့် ချဲလ်ဆီးနဲ့ ဒီဘားလားတို့ရဲ့ သတင်းဟာ ကောလဟလ အဆင့်သာ အခုအချိန်အထိ ရှိနေဆဲ ဖြစ်ပါတယ် ။

မနေ့က ဗြိတိန် ဆေးလ်ဗားစတုန်း ဂရင်းပရီကို အခြားသော အားကစားသမား အကျော်အမော်တွေ ၊ နာမည်ကြီး မင်းသား မင်းသမီးတွေကဲ့သို့ ဒီဘားလားလည်း တက်ရောက် အားပေးခဲ့ပြီး ၊ LAROMA24 နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်း အကြောင်း ၄င်းက အခုလိုပဲ တုန့်ပြန်ဖြေကြားခဲ့ပါတယ် ။

ဒီဘားလား က ” ရာသီကြို ပြင်ဆင်မှု အတွက် ကျွန်တော် စိတ်အားတက်ကြွနေပါတယ် ။ မနက်ဖြန်မှာ ကျွန်တော်တို့ရဲ့ ရာသီကြိုပြင်ဆင်မှုက စတင်တော့မှာပါ ။ ကျွန်တော့ အနာဂတ် အကြောင်း ? ရိုးမားမှာ ကျွန်တော် ပျော်ရွှင်နေပါတယ် ။ ကျွန်တော် ဒီမှာပဲ ဆက်နေသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

မနေ့က ဗြိတိန် ဂရင်းပရီသို့ ချဲလ်ဆီး စတား ၂ဦး ဖြစ်တဲ့ သီယာဂို ဆေးလ်ဗားနဲ့ ရိစ်ဂျိမ်းစ်တို့လည်း ကြည့်ရှုအားပေးခဲ့ကြပြီး ၊ Sky Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဘရာဇီးဝါရင့်ခံစစ်မှူး သီယာဂို ဆေးလ်ဗားက ဒီဘားလားနဲ့ ချဲလ်ဆီး အကြားက အပြောင်းအရွှေ့ ကောလဟလ အပေါ် အခုလိုပဲ မှတ်ချက် ပေးသွားပါတယ် ။

သီယာဂို ဆေးလ်ဗား က ” ဒီဂရင်းပရီမှာ ကျွန်တော် သူ့ကို တွေ့လိုက်ပါတယ် ။ မီဒီယာတွေက သူကို ချဲလ်ဆီးဆီ ပြောင်းလာမလား ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းနေခဲ့ကြတာပါ ။ ကျွန်တော်လည်း သူနဲ့ စကားပြောဖြစ်ခဲ့ပြီး ၊ သူ ကျွန်တော်တို့ဆီ ပြောင်းလာမလား ဆိုပြီး မေးခဲ့ပါသေးတယ် ။ ”

” သူဟာ ကမ္ဘာ့အဆင့် ကစားသမား တယောက်ပါ ။ ကျွန်တော်ကတော့ သူနဲ့ အတူ တွဲကစားလိုပါတယ် ။ သူသာ ပြောင်းလာမယ်ဆိုရင်တော့ ဒါဟာ ကြီးမားတဲ့ ခေါ်ယူမှု တရပ် ဖြစ်လာပါလိမ့်မယ် ။ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဒီဘားလားရဲ့ စာချုပ်မှာ စီးရီးအေ ပြင်ပ ကလပ်တွေဟာ ၄င်းကို ပေါင် ၁၀သန်းတည်းနဲ့ ခေါ်ယူနိုင်တယ်လို့ ပါရှိပါတယ် ။ အသက် ၂၉နှစ် အရွယ်ရှိ ယင်းအာဂျင်တိုင်းသားဟာ ပြီးခဲ့တဲ့ ရာသီမှာ ရိုးမား အတွက် စီးရီးအေ ၂၅ပွဲမှာ ၁၂ဂိုးသွင်း ၊ ၆ဂိုး ဖန်တီးနိုင်ခဲ့သလို ၊ ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း ဂိုးသွင်းပေးခဲ့ပါတယ် ။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက လိုက်ပ်ဇစ်ကနေ ကြိုတင် ခေါ်ယူထားတဲ့ ပြင်သစ် လက်ရွေးစင် နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူကြောင့် သူနဲ့ ကစားပုံ ဆင်တဲ့ ဒီဘားလားကို ထပ်ခေါ်ဖို့ အလားအလာ နည်းနိုင်ပါတယ် ။ ဒါ့အပြင် ချဲလ်ဆီးဟာ ဒီဘားလားရဲ့ အသင်းဖော်ဟောင်း ၊ လက်ရှိ ယူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ မနေ့ကပဲ တဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ် ။

င်္ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုကတော့ တမြန်နေ့က လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဒီဘားလားရဲ့ အပြောင်းအရွှေ့ သတင်းနဲ့ ပတ်သက်ပြီး ” ကျွန်တော် သူ့ရဲ့ စာချုပ် အချက်အလက်တွေ အကြောင်း ဘာတခုမှ မသိရပါဘူး ။ ဒါပေမယ့် ကျွန်တော်ဟာ ပေါ်လိုကို တခြား အသင်းသားတွေနည်းတူ အမြဲတမ်း စကားအပြောအဆိုတော့ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments