သတင်းတွေအရ ချဲလ်ဆီးအသင်းတိုက်စစ်မှူး လူကာကူတစ်ယောက် အသင်းကနေထွက်ခွာဖို့ နီးစပ်လာပြီဖြစ်တယ်လို့ သိရပါတယ်။
ရိုမာနိုက နာပိုလီအသင်းဟာ လူကာကူကိုခေါ်ယူနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ၂ သင်းကြား အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပြီး မကြာခင်မှာ သဘောတူညီမှုရရှိဖွယ်ရှိနေပါတယ်။

အီတလီသားသတင်းထောက်က လူကာကူအပြောင်းအရွှေ့ဟာ အိုဆီမင်အပြောင်းအရွှေ့နဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
ချဲလ်ဆီးဘက်ကလည်း နိုင်ဂျီးရီးယားသားကိုခေါ်ယူနိုင်ဖို့ ဆွေးနွေးနေပြီး အဆင်မပြေသေးတာဖြစ်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အီတလီမြေမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ရိုးမားအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၂၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ၄ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ရာသီအစအဖွင့်ပွဲမှာ မန်စီးတီးကို ၂-၀ နဲ့အရေးနိမ့်ခဲ့ပြီး လာမယ့်ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ဆာဗက်တီအသင်းနဲ့ ကွန်းဖရန့်လိဂ်ခြေစစ်ပွဲပထမအကျော့ပွဲကန်ရမှာဖြစ်ပါတယ်။






