Thursday, March 12, 2026
spot_img
spot_img

ချဲလ်ဆီးကစားသမား အများအပြား ပါ၀င်ခဲ့တဲ့…မော်ရင်ညို ရွေးချယ်တဲ့ ၎င်းရဲ့ Best XI

ဂျိုဆေးမော်ရင်ညိုဟာ သူ့ရဲ့ နည်းပြဘ၀တစ်လျှောက် ကိုင်တွယ်ဖူးတဲ့ ကစားသမားတွေ ထဲက အကောင်းဆုံး XI ကို ရွေးချယ်ခဲ့ရာမှာ လူတွေ မထင်မှတ်ထားတဲ့ ကစားသမားတွေလည်း ပါ၀င်ခဲ့ပါတယ်။ အသက် ၆၀ အရွယ် မော်ရင်ညိုဟာ နည်းပြဘ၀မှာ ချဲလ်ဆီး ပေါ်တို ရီးရဲယ်မက်ဒရစ် အင်တာမီလန် မန်ယူနိုက်တက် ရိုးမား စတဲ့ ထိပ်တန်း အသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။

မော်ရင်ညိုဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ရှိခဲ့တဲ့ သူ့ရဲ့ အောင်မြင်တဲ့ နေ့ရက်တွေကို မေ့လို့ရမှာ မဟုတ်ဘဲ ၎င်းရွေးချယ်ခဲ့တဲ့ အကောင်းဆုံး အသင်းမှာ ချဲလ်ဆီး ကစားသမား ၈ ဦးထိ ပါ၀င်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်မှာ လက်တွဲခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒို နဲ့ မီဆွတ်အိုဇေး တို့လည်း ဒီအသင်းမှာ ပါ၀င်ခဲ့ပြီး တရာသီအတွင်း ဖလား ၃ လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ အင်တာမီလန် ကတော့ ကစားသမား ၁ ဦးသာ ပါ၀င်ခဲ့ပါတယ်။

အိုဇေးပါ၀င်လာခဲ့တာဟာ လူတချို့ကို အံ့အားသင့်စေခဲ့သလို အက်ရ်ှလေကိုးကို ကျော်ကာ ဝီလီယံဂါးလက်စ် ပါ၀င်ခဲ့တာက ပိုပြီးတော့ အငြင်းပွားစရာ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီ နည်းပြ အတွက် ၎င်းကိုင်တွယ်ခဲ့တဲ့ ထိပ်တန်း ကစားသမား အများအပြား ထဲက အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်ရတာဟာ တကယ့်ကို ခက်ခဲတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

ဂိုးသမားနေရာမှာတော့ မော်ရင်ညိုဟာ ပီတာချက်ကို ရွေးချယ်ခဲ့ပြီး ဗဟို ခံစစ်မှာတော့ ချဲလ်ဆီးရဲ့ အောင်မြင်မှု ဒေါက်တိုင်တွေ ဖြစ်တဲ့ ကာဗယ်ဟို နဲ့ ဂျွန်တယ်ရီ အတွဲကို ရွေးခဲ့ပါတယ်။ ညာနောက်ခံလူ နေရာမှာ ဇနက်တီ ပါ၀င်လာခဲ့ပြီး ဘယ်နောက်ခံလူ နေရာမှာ မိုင်ကွန် အက်ရ်ှလေကိုး တို့အစား ဂါးလက်စ်ကို ရွေးချယ်ခဲ့ပါတယ်။

ကွင်းလယ်ခံစစ်မှာတော့ ပြင်သစ် ကြယ်ပွင့်ဟောင်း မက်ခီလီလီ ကို ထည့်သွင်းခဲ့ပြီး လမ်းပတ် ကတော့ ထင်ထားခဲ့တဲ့ အတိုင်းပဲ ရွေးချယ်ခံခဲ့ရပါတယ်။ ကွင်းလယ် တိုက်စစ်မှာ အိုဇေး ပါ၀င်လာခဲ့ပြီး front three ကိုတော့ ဒရော့ဘာ ၊ ဟာဇက် ၊ ခရစ်စတီယာနိုရော်နယ်ဒို အတွဲကို ရွေးချယ်သွားခဲ့ပါတယ်။

မော်ရင်ညို ကိုင်တွယ်ခဲ့တဲ့ Best XI ကို သဘောတူကြရဲ့လားခင်ဗျာ?

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments