Tuesday, October 28, 2025
spot_img
spot_img

ချန်ပီယံ ပြိုင်ပွဲမှာ အာဆင်နယ် အသင်းဟာ ကြီးမားတဲ့ အားသာချက် ရှိနေဆဲ ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်း နည်းပြ ဂွာဒီယိုလာ က အာဆင်နယ် အသင်း ရဲ့ ဂိုးကွာခြားချက်ကို လိုက်မှီဖို့ ဆိုတာ မဖြစ်နိုင်တာကြောင့် သူတို့ အနေနဲ့ လက်ကျန် ပွဲစဉ် အားလုံးကို အနိုင် ကစားဖို့ လိုအပ်တယ်လို့ ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ဒီတစ်ပတ်မှာလည်း မန်စီးတီး နှင့် အာဆင်နယ် အသင်းတို့ဟာ နိုင်ပွဲ ကိုယ်စီ ရယူ နိုင်ခဲ့တာကြောင့် ချန်ပီယံဆု အတွက် အားပြိုင်မှုဟာ ဆက်လက် အကြိတ်အနယ် ရှိ‌နေခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ဘုန်းမောက် အသင်းကို ၃ ဂိုးပြတ် အနိုင် ရခဲ့ပြီး မန်စီးတီး အသင်းကတော့ ဝုလ်ဗာဟမ်တန် အသင်းကို ၅ ဂိုး ၁ ဂိုး နဲ့ ဂိုးပြတ် အနိုင် ရခဲ့တာပါ ။

လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား ကို ဦးဆောင်နေပေမယ့် မန်စီးတီး အသင်းက တစ်ပွဲလျော့ နေတဲ့ အနေအထား ဖြစ်ပြီး လက်ကျန် ပွဲကိုသာ အနိုင်ရပါက ဂွာဒီယိုလာ ရဲ့ အသင်းဟာ ထိပ်ဆုံးကို ပြန်လည် ရောက်ရှိ လာမှာပါ ။အာဆင်နယ် အသင်း အနေနဲ့ ချန်ပီယံမျှော်လင့်ချက် အတွက် မန်စီးတီး အသင်းရဲ့ ခြေချော်မှုကို မျှော်လင့် ရမှာ ဖြစ်ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ပွဲအပြီး Sky Sports မှာ အရင် တစ်နှစ်တုန်းကလို ချန်ပီယံဆု အတွက် နောက်ဆုံး နေ့အထိ ယှဉ်ပြိုင်ရမယ်လို့ ထင်သလားဆိုတဲ့ မေးခွန်းကို ” ဒါပေါ့ဗျာ ။ပြီးခဲ့တဲ့ တစ်နှစ်တုန်းက ဗီလာ မှာ ဘာဖြစ်ခဲ့သလဲ ဆို အားလုံး မှတ်မိကြဦးမှာပါ ၊ လာမယ့် အပတ် စနေနေ့မှာ ဖူလ်ဟမ် အသင်းကို အနိုင် ကစားနိုင်ဖို့ လိုအပ်ပါတယ် ၊ သူတို့နဲ့ ပွဲကလည်း ခက်ခဲတဲ့ ပွဲပါပဲ ။ စပါး နဲ့ ပွဲကလည်း ခက်ခဲတာပါပဲ ။ ”

” ဘာကြောင့်လဲ ဆိုရင် အာဆင်နယ်ရဲ့ ဂိုးကွာခြားချက်ကို လိုက်မှီဖို့က ဖြစ်နိုင်ချေ မရှိတာကြောင့်ပါ ။ ဆောင်းရာသီ နောက်ပိုင်း အာဆင်နယ် အသင်း ရဲ့ ကစားပုံက သိပ်ကောင်းပါတယ် ၊ သူတို့ မှာ တည်ငြိမ်မှု ရှိသလို အရည်အသွေးအပိုင်းလည်း မြင့်မား လှပါတယ် ။ ဒါပေမဲ့ ချန်ပီယံဖြစ်ခွင့်ကကျနော်တို့ လက်ထဲမှာ ရှိနေဆဲပါ ၊ ပထမ တစ်ပွဲကို နိုင်ဖို့ လိုတယ် ၊ ပြီးရင် ဒုတိယပွဲကိုပေါ့ ၊ နောက်ဆုံးပွဲမှာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိဖို့ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments