Wednesday, March 4, 2026
spot_img
spot_img

ချက်ကွင်းလယ်လူ ဆာဒီလက်ခ် စက်ဘီးမတော်တဆဖြစ်၍ ယူရိုပြိုင်ပွဲနှင့် လွဲချော်

ချက်လက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမား ဆာဒီလက်ခ်သည် စက်ဘီးမတော်တဆဖြစ်ပြီး ခြေထောက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် ယူရိုပြိုင်ပွဲနှင့် လွဲချော်ခဲ့ရကြောင်း သိရသည်။

FC တွမ်တီးအသင်း၏ ကစားသမားဖြစ်သူ ဆာဒီလက်ခ်(၂၅ နှစ်)သည် မော်လ်တာနှင့် ယှဉ်ပြိုင်ခဲ့သည့် ခြေစမ်းပွဲတွင် အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရခဲ့သူဖြစ်ပြီး ချက်အသင်းနည်းပြ အီဗန်ဟာဆက်ခ်က ကြီးမားသည့်ဆုံးရှုံးမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆာဒီလက်ခ်သည် စက်ဘီးလဲကျရာတွင် ခြေထောက်ကို ထိခိုက်မိကာ ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချက်အသင်းသည် အုပ်စုအဖွင့်ပွဲကို ဇွန်(၁၈)မှ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments