ဂျူဗင်တပ်စ်အသင်းတောင်ပံကစားသမား ခီယေဆာကို ဘာစီလိုနာအသင်းက ကစားသမား (၂)ဦးအလိုက်ပေး၍ ကမ်းလှမ်းထားကြောင်း သိရသည်။

ဘာစီလိုနာအသင်းက ဖယ်ရန်တောရက်စ်နှင့် ဒမ်ဘီလီအပြင် ငွေသားအနည်းငယ် အလိုက်ပေး၍ ခီယေဆာကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း Calciomercato က ဖော်ပြခဲ့သည်။


ခီယေဆာသည် ဖီအိုရင်တီးနားအသင်းနှင့်အတူ ထင်ရှားလာပြီး ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိချိန်တွင်လည်း အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်သော်လည်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ပုံရိပ်အနည်းငယ်ကျဆင်းခဲ့ရသည်။