ချယ်လ်ဆီးအသင်းသည် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ကွန်တေ၏နေရာတွင် အစားထိုးရန်အတွက် ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ပစ်မှတ်ထားနေကြောင်း သိရသည်။
ကွန်တေ(၃၂ နှစ်)သည် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပြီး ယခုအခါ ဆော်ဒီကလပ် အယ်လ်အီတီဟတ်အသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေကြောင်း သိရှိရသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် ၎င်းနေရာအစားထိုးရန် ကိုင်စီဒို(၂၁ နှစ်)ကို ခေါ်ယူလိုနေကြောင်း သိရသည်။
ကိုင်စီဒိုအား ခေါ်ယူရန် အာဆင်နယ်နှင့် မန်ယူအသင်းတို့ကလည်း စိတ်ဝင်စားနေကြြ့ပီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း (၈၀) ဝန်းကျင်ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။






