ဒုတိယပိုင်းတွင် ဆိုဆက်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး ငါးမိနစ်အကြာတွင် ဘိုဝမ်က ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။
ဝက်စ်ဟမ်း ကစားသမားတွေဟာ အောင်ပွဲခံဖို့အတွက် အဝေးကွင်းပရိသတ်ဘက်ရှိရာသို့ ပြေးလာခဲ့ပြီး ပရိသတ်တွေရဲ့ တိုးဝှေ့အောင်ပွဲခံမှုကြောင့် ကြော်ငြာဘုတ်ရှေ့ရောက်သွားခဲ့ကြပါတယ်။
ထိုကြော်ငြာဘုတ်ဟာ အောင်ပွဲခံမှုကို ရပ်ကြည့်နေတဲ့ ပဲလေ့စ်အသင်းရဲ့ဘောကောက်ကောင်လေးပေါ်သို့ ပိသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းအတွက် ဂိုးသွင်းပေးထားတဲ့ ဆိုဆက်ဟာ ထိုအန္တရာယ်ကို လျင်မြန်စွာ တွေ့ရှိခဲ့ပြီး လူငယ်လေးအား လွတ်မြောက်စေရန် ကူညီပေးဖို့ ကြော်ငြာဘုတ်ကို မခဲ့ပါတယ်။
ဘိုဝမ်ကလည်း အဆိုပါနေရာတွင် ရှိနေခဲ့ပြီး ဘောကောက်ကောင်လေး ဘေးလွတ်ရာသို့ တွားသွားသွားနိုင်ရန် ကူညီပေးခဲ့ပါတယ်။
အဆိုပါဘောကောက်ကောင်လေးကို ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဝေးသို့ခေါ်ဆောင်သွားခဲ့ပြီး လူငယ်လေးက တုန်လှုပ်ချောက်ချားခဲ့သော်လည်း နာကျင်ခြင်းမရှိခဲ့ပါဘူးလို့ Sky Sports News ကဖော်ပြထားပါတယ်။ အောင်ပွဲခံခဲ့တဲ့ ပရိသတ်တွေလည်း ထိခိုက်မှုမရှိခဲ့ပါဘူး။
ဆိုဆက်ဟာ သူရဲ့လျင်မြန်စွာ တွေးခေါ်လုပ်ဆောင်မှုအတွက် ဆိုရှယ်မီဒီယာပေါ်တွင် အားလုံးရဲ့ ချီးကျူးခြင်းကိုခံခဲ့ရပါတယ်။
ဝက်စ်ဟမ်းပရိသတ် site တစ်ခုဖြစ်တဲ့ KUMB က ဒုတိယမြောက်သွင်းဂိုးအတွက် အောင်ပွဲခံနေစဉ် ဘောကောက်ကောင်လေးတစ်ယောက် ကြော်ငြာဘုတ်အောက်မှာ ပိနေတဲ့ အန္တရာယ်ကိုတွေ့လိုက်ရတဲ့အချိန် ကူညီကယ်ဆယ်ခဲ့တဲ့ ဆိုဆက်ကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။
@resecting1243 ကလည်း “ဆိုဆက်ဟာ ပဲလေ့စ်အသင်းရဲ့ဘောကောက်ကောင်လေးကို ကြော်ငြာဘုတ်အောက်မှ ထွက်သွားနိုင်အောင် ကူညီမှုကို လုပ်ခဲ့တာပါ” လို့ ရေးသားထားပါတယ်။
ပွဲအပြီးတွင် အနိုင်ဂိုးသွင်းသူ ဘိုဝမ်က လူငယ်လေးနဲ့ပတ်သက်တဲ့ အပြုသဘောဆောင်သော အကြောင်းအရောများကို ပြောခဲ့ပါတယ်။

“သူ့ကို ပွဲအပြီးမှာ ကျွန်တော် တွေ့ခဲ့ပါတယ်။ အခု သူက ရှေ့မှာရှိခဲ့ပြီး ပြုံးနေတာကို မြင်ရသလို နာကျင်မှုမရှိခဲ့တာက ကောင်းပါတယ်”
“ကျွန်တော် သူ့ကို တတ်နိုင်သမျှ မြန်မြန် ဖယ်ထုတ်နိုင်ခဲ့ပါတယ်” လို့ BBC Radio 5 Live သို့ ပြောကြားခဲ့ပါတယ်။