ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကွင်းလယ်ကစားသမား ကာမာဗင်ဂါကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်လျော်ကြေးကို ယူရို (၁) ဘီလီယံ သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။
အသက် (၂၀) အရွယ် ပြင်သစ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါအား လီဗာပူးလ်နှင့် PSG အသင်းတို့ ခေါ်ယူရန် စိတ်ဝင်စားပြီးနောက် ရီးယဲလ်အသင်းက တစ်နှစ်သက်တမ်းတိုးကာ စာချုပ်လျော်ကြေးကို ယူရို (၁) ဘီလီယံ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကာမာဗင်ဂါသည် ၂၀၂၁ တွင် ရန်းစ်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရိုသန်း (၄၀) ဖြင့် ပြောင်းရွှေ့ခဲ့သည်။
၎င်းသည် ရီးယဲလ်အသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၉၉)ပွဲတွင် (၂)ဂိုး သွင်းယူထားကြောင်း သိရသည်။







