လီဗာပူးလ်အသင်းခေါင်းဆောင် ယာဂန်ကလော့ပ်က အသင်းနည်းပြ ကလော့ပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသင်းအပေါ် မိမိ၏ချစ်စိတ်မှာ မပြောင်းလဲကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း (၁၈)လသာ ကျန်ရှိတော့သည့် ဗန်ဒိုက်က ကလော့ပ် ထွက်ခွာသွားပါက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် မသေချာကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့ရာ ယင်းသတင်းမှာ မီဒီယာများတွင် ပျံ့နှံ့ခဲ့ပြီး လီဗာပူးလ် ပရိသတ်များအကြား စိုးရိမ်စရာ ဖြစ်ခဲ့ရသည်။
သို့သော် ယခုအခါ ဗန်ဒိုက်က ၎င်းအပါအဝင် အသင်းကစားသမားများ၏ လီဗာပူးလ်အပေါ် ချစ်စိတ်မှာ ပြောင်းလဲမှုမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗန်ဒိုက်က “အရင်ပြောခဲ့တာနဲ့ပတ်သက်လို့ ကျွန်တော် ပြန်ရှင်းချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကလပ်အသင်းအတွက် အပြည့်အဝအာရုံစိုက်ထားပါတယ်။ ဒီကလပ်အသင်းကို ကျွန်တော် ချစ်တယ်။ အသင်းပရိသတ်တွေကိုလည်း ကျွန်တော် ချစ်တယ်။ ကျွန်တော်တစ်ယောက်တည်း ဒီလိုစိတ်မရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးမှာ အဲဒီလိုစိတ် ရှိပါတယ်။ ဘာမှမပြောင်းလဲပါဘူး။ ပြီးခဲ့တဲ့ (၅) ရက်လောက်က ကျွန်တော့်ရဲ့စာချုပ်နဲ့ပတ်သက်လို့ ဘယ်သူမှမပြောကြဘူး။ ဒါက ရူးသွပ်မှုပါပဲ။ ကျွန်တော့်အနေနဲ့ ဒီနှစ်ကို စပါယ်ရှယ်နှစ်တစ်နှစ် ဖြစ်လာအောင် အပြည့်အ၀ အာရုံစိုက်ထားပါတယ်”ဟု ပြောကြားခဲ့သည်။






