အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမား(၁၄)ဦးအထိ ရောင်းထုတ်ဖွယ် ရှိကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သလို၊ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ထပ်မံစိန်ခေါ်နိုင်ရန်အတွက် ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ပြင်ဆင်သွားရန် စီစဉ်နေသည်။

ထို့ကြောင့် အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်(၈)ဦး အားဖြည့်ခေါ်ယူရန် ချိန်ရွယ်ထားကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းအနေဖြင့် ကစားသမားများ ခေါ်ယူရာတွင် ရန်ပုံငွေရရှိရန်အတွက် အသင်းမှ ကစားသမား(၁၄)ဦးကို ရောင်းထုတ်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီတွင် ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်၊ ဘိုင်ယန်မြူးနစ်အသင်းတွင် အငှားသွားရောက်ကစားနေသည့် မန်စီးတီးနောက်ခံကစားသမား ကန်ဆယ်လိုအပါအဝင် ကစားသမားသစ်များ ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။






