Saturday, September 13, 2025
spot_img
spot_img

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့်စာချုပ်အရ သုံးပွဲထိုးသတ်ရန် အောင်လအန်ဆန် ကျန်ရှိနေ

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့်စာချုပ်အရ အောင်လအန်ဆန်အနေဖြင့် သုံးပွဲထိုးသတ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ONE Championship တို့သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်းက (၁၀) ပွဲထိုးသတ်ရန် စာချုပ်ချုပ်ဆိုထားခဲ့သည်။

ယင်းနောက် အောင်လအန်ဆန်သည် လက်ရှိအချိန်အထိ (၇) ပွဲထိုးသတ်ထားပြီးဖြစ်သောကြောင့် သုံးပွဲထိုးသတ်ရန်ကျန်ရှိနေခြင်း ဖြစ်သည်။

အောင်လအန်ဆန်သည် ONE Championship နှင့် (၁၀) ပွဲထိုးသတ်ရန် စာချုပ်ချုပ်ဆိုပြီးနောက် ပထမဆုံးပွဲအဖြစ် ONE ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဘရန်ဒန်ဗီရာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ထို့နောက် အောင်လအန်ဆန်သည် ၎င်းရရှိထားသည့် ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲများအဖြစ် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် နှစ်ပွဲဆက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်များကို လက်လွှတ်ခဲ့ရသည်။

ထို့နောက် အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်းကို ထိုးသတ်တော့မည် မဟုတ်ကြောင်း ပရိသတ်များအား တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပြီး မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲများသာ ဆက်လက်ထိုးသတ်ခဲ့သည်။

အောင်လအန်ဆန်သည် ၂၀၂၁ ခုနှစ် ဇူလိုင်တွင် ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပဝ် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ထို့နောက် အောင်လအန်ဆန်သည် ရုရှားဖိုက်တာ ဗစ်တာလီဘစ်ဒက်ရှ်နှင့် တတိယအကြိမ်မြောက် မကျေပွဲယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် နိုဝင်ဘာတွင် ဂျပန်ဖိုက်တာ ယူရှင်အိုကာမီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင်မူ ပထမအချီအတွင်းမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ထို့နောက် အောင်လအန်ဆန်သည် ယခုဇန်နဝါရီအတွင်း ဘရာဇီးလ်ဖိုက်တာ ဂယ်ဗိုနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့ပြန်သည်။

လက်ရှိတွင် အောင်လအန်ဆန်သည် နောက်ထပ်တစ်ပွဲထိုးသတ်ရန် ONE Championship နှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ကြောင့် အောင်လအန်ဆန်သည် လာမည့်ပွဲ ထိုးသတ်ပြီးပါက နောက်ထပ်နှစ်ပွဲသာ ထိုးသတ်ရတော့မည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments