Monday, February 9, 2026
spot_img
spot_img

PSG မှ ဘာပေ ထွက်ခွာရန် လိုအပ်သည်ဟု ရွန်နီ ဆို

မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက PSG အသင်းမှ ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် အောင်မြင်မှုပိုမိုရရှိရန်အတွက် PSG အသင်းမှ ထွက်ခွာရန်လိုအပ်သည်ဟု အကြံပြုပြောကြားခဲ့သည်။

အသက် (၂၄) နှစ်အရွယ်ရှိ ဘာပေသည် ပြီးခဲ့သည့်နွေရာသီတွင် ရီးယဲလ်သို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့သော်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ကာ PSG အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ််းရှိ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ရွန်နီက “PSG က သူနဲ့ သင့်လျော်မှုမရှိပါဘူး။ သူ့အနေနဲ့ မန်ယူ ဒါမှမဟုတ် ရီးယဲလ်အသင်းကို ပြောင်းရွှေ့သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီအသင်းတွေက သူ့ကို ပြီးပြည့်စုံတဲ့ကစားသမား ဖြစ်လာစေပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ဘာပေသည် PSG အသင်းနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

ဘာပေသည် ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် သွင်းဂိုး (၈) ဂိုးဖြင့် ရွှေဖိနပ်ဆု ရရှိခဲ့သလို၊ PSG အသင်းအတွက်လည်း ယခုရာသီ ပြိုင်ပွဲစုံ ပွဲ (၂၀) တွင် (၁၉) ဂိုးအထိ သွင်းယူထားသည်။

PSG တိုက်စစ်မှူး ဘာပေအား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အပြင် ပရီးမီးယားလိဂ်ထိပ်သီး လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments