Saturday, February 7, 2026
spot_img
spot_img

၃၄ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်နှင့် မန်ယူအသင်း ရင်ဆိုင်နေရ

မန်ယူအသင်းအနေဖြင့် ပဲလေ့စ်အသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ပြီးနောက် ၃၄ နှစ် အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၇ အဖြစ် စနေနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်း၌ မန်ယူနှင့် ပဲလေ့စ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧည့်သည်အသင်းက ပထမပိုင်း ၂၅ မိနစ်တွင် နောက်ခံလူ အန်ဒါဆန်သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့သည်။

မန်ယူအသင်းအနေဖြင့် ပွဲစဉ် ၇ အပြီးတွင် သုံးပွဲသာအနိုင်ရပြီး ရှုံးပွဲလေးပွဲအထိ ကြုံတွေ့ထားသလို ယင်းကဲ့သို့ လေးပွဲရှုံးနိမ့်ခြင်းမှာ ၁၉၈၉-၁၉၉၀ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီအစရလဒ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

ထို့ပြင် ပရီးမီးယားလိဂ်အိမ်ကွင်းနှစ်ပွဲဆက် ရှုံးနိမ့်ခြင်းမှာလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်သည်။

ပွဲအပြီးတွင် ပရိသတ်များ၏ လှောင်ပြောင်မှုခံရခြင်းအပေါ် မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်က “ပရိသတ်တွေက နိုင်ပွဲရဖို့ မျှော်လင့်ထားတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အနိုင်မရဘဲ ရှုံးနိမ့်ခဲ့ တယ်။ ဒါက စိုးရိမ်စရာဆိုတာသေချာပါတယ်။ ကျွန်တော်တို့ ပိုပြီးတည်ငြိမ်ဖို့လိုတယ်။ ဒါက မန်ချက်စတာယူနိုက်တက်အတွက် တောင်းဆိုမှုမဟုတ်ပါဘူး။ တောင်းဆိုမှုက နိုင်ပွဲတွေ ဆက်တိုက်ရယူဖို့ပါ” ဟု ပြောကြားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments