Thursday, January 22, 2026
spot_img
spot_img

၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲစဉ်များကို ကွင်းလေးကွင်း၌ကျင်းပရန် စီစဉ်ထား

ကမ္ဘောဒီးယား အိုလံပစ်ကော်မတီသည် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အမျိုးသား၊ အမျိုးသမီးဘောလုံးပွဲစဉ်များကို ကွင်းလေးကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယား အိုလံပစ်ကော်မတီသည် လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲ ဘောလုံးအားကစား နည်းတွင် အမျိုးသား၊ အမျိုးသမီးနှစ်မျိုးစလုံး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ အတွက် အသစ်တည်ဆောက်ထားသည့် မိုရိုဒေါ့တီချို အမျိုးသားဘောလုံးကွင်း၊ အမျိုးသားအိုလံပစ် ဘောလုံးကွင်း၊ RCAF ဘောလုံးကွင်းနှင့် Prince ဘောလုံးကွင်းတို့တွင် ကျင်းပမည်ဖြစ်သည်။ အိမ်ရှင်ကမ္ဘောဒီးယား အသင်းပါဝင်သော အုပ်စုပွဲစဉ်များ၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတို့ကို ပရိသတ် ၇၀၀၀၀ ကျော်ဆံ့ မိုရိုဒေါ့တီချို အမျိုးသားဘောလုံးကွင်း၌ ကျင်းပဖွယ်ရှိနေသည်။

လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘောလုံးပွဲစဉ်များကို မေလဆန်းကတည်းက ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဘောလုံးပွဲစဉ်များ ကျင်းပမည့်ကွင်းများအနက် မိုရိုဒေါ့တီချို အမျိုးသားဘောလုံးကွင်း၊ အမျိုးသားအိုလံပစ်ဘောလုံးကွင်းနှင့် Prince ဘောလုံးကွင်းတို့မှာ ပရိသတ်သောင်းဂဏန်းဝင်ဆံ့ပြီး RCAF ဘောလုံးကွင်းတစ်ခုသာ ပရိသတ် ၈၀၀၀ ဝင်ဆ့ံခြင်းဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် အရှေ့ တောင်အာရှအသင်းအားလုံးနီးပါး ယှဉ်ပြိုင်ဖွယ်ရှိပြီး အမျိုးသမီးပြိုင်ပွဲတွင်လည်း အနည်း ဆုံး ခြောက်သင်းမှ အများဆုံးကိုးသင်းအထိ ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာဘောလုံးအသင်းမှာမူ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကမ္ဘော ဒီးယားနိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲကို ပထမ ဆုံးလက်ခံကျင်းပခြင်းဖြစ်သောကြောင့် အောင်မြင်မှုရယူနိုင်ရန် ပြင်ဆင်လျက်ရှိပြီး အမျိုးသားဘောလုံးအသင်းကိုလည်း ဂျပန်နိုင်ငံသား ဟွန်ဒါက ဆက်လက်တာဝန်ယူ ကိုင်တွယ်သွားမည်ဖြစ်သည်။

ကမ္ဘောဒီးယား အမျိုးသားဘောလုံးအသင်းသည် လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ရန် ပစ်မှတ်ထားလျက်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments