Thursday, January 22, 2026
spot_img
spot_img

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ ဖီဖာအတည်ပြု

၂၀၃၀ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ အတည်ပြုပြီးနောက် ဖီဖာက ၂၀၃၄ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံကိုတော့ ဆော်ဒီအာရေဗျဖြစ်တယ်လို့ ဆက်လက်အတည်ပြုခဲ့ပါတယ်။

၂၀၃၀ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပွဲစဉ် ၃ ပွဲကိုတော့ ကမ္ဘာ့ဖလားနှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဖလားစတင်ကျင်းပခဲ့ရာ တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့မှာ ကစားသွားမယ်လို့သိရပါတယ်။ ဘယ်အသင်းကအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရမလဲဆိုတာကိုတော့ ဖီဖာအနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ မဲပေးရွေးချယ်မှုတွေအရ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

ယမန်နေ့ညကပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့အစည်းအဝေးတစ်ခုကို အဖွဲ့ဝင် နိုင်ငံ ၂၁၁ နိုင်ငံလုံး တက်ရောက်ခဲ့ကြပြီး ၂၀၃၀ နဲ့ ၂၀၃၄ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် အိမ်ရှင်နိုင်ငံတွေကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။ မဲပေးရွေးချယ်ခဲ့အပြီးမှာ ဖီဖာအတွင်းအရေးမှူးချုပ် မက်တီယာစ်ဂရက်ဖ်စထရွန်က နိုင်ငံ ၂၁၁ နိုင်ငံလုံး ထိရောက်စွာမဲပေးခဲ့ကြကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

FIFA has confirmed that Saudi Arabia will host the 2034 World Cup.

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက ဆော်ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေအားလုံး ဘေးကင်းလုံခြုံမှာဖြစ်ကြောင်းနဲ့ အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့သင့်တော်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ “ကျွန်တော်တို့အနေနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွကို အိမ်ရှင်အဖြစ်ကျင်းပသွားမယ့် ပေါ်တူဂီ၊ စပိန်၊ မော်ရိုကိုနဲ့ ၂၀၃၄ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမယ့် ဆော်ဒီအာရေဗျနိုင်ငံတို့ကို ထောက်ခံပါတယ်။ အဆိုပါနိုင်ငံတွေဟာ အမျိုးသားကမ္ဘာဖလားပြိုင်ပွဲကျင်းပဖို့ နည်းပညာအားကောင်းပြီး ဖီဖာရဲ့စံချိန်စံညွှန်းနဲ့ ပြည့်မီကြပါတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးကတော့ ပြိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်ကျင်းပနိုင်ဖို့နဲ့ ပရိသတ်တွေဘေးကင်းဖို့ပါပဲ” လို့ရေးသားထားပါတယ်။

အခုလို ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆော်ဒီကအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာကို အင်္ဂလန်သာမက နော်ဝေး၊ ဆွစ်ဇာလန်နဲ့ ဒိန်းမတ်တို့ကလည်း ထောက်ခံခဲ့ကြပေမယ့် လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ကြီးကြပ်ပေးနိုင်ဖို့လိုအပ်ကြောင်းကိုတော့ ထောက်ပြသတိပေးခဲ့ကြပါတယ်။

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ ဘောလုံးကွင်း ၁၅ ကွင်းမှာ ကစားသွားစေဖို့ အတည်ပြုထားပြီး လောလောဆယ်မှာတော့ ၄ ကွင်းကိုဆောက်လုပ်ပြီးစီးထားပြီလို့ သိရပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments