Tuesday, January 20, 2026
spot_img
spot_img

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ၌ အီဂျစ်အသင်းကို ဦးဆောင်ရန် ဆာလာ ဆန္ဒရှိနေကြောင်း အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ  ပြောကြား

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ဂါမယ်လ်အယ်လမ်က လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ၌ အီဂျစ်အိုလံပစ်အသင်းကို ဦးဆောင်ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။

အီဂျစ်အသင်းသည် ပါရီအိုလံပစ်ပြိုင်ပွဲတွင် စပိန်၊ ဒိုမီနီကန်၊ အာရှမှ အသင်းတစ်သင်းနှင့်အတူ အုပ်စု(C) တွင် ကျရောက်နေသည်။ အီဂျစ်အသင်းသည် အိုလံပစ်ပြိုင်ပွဲကို (၁၃) ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်ခွင့်ရရှိ ခြင်းဖြစ်ပြီး ဆာလာသည် ၂၀၁၂ လန် ဒန်အိုလံပစ်ပြိုင်ပွဲတစ်ကြိမ်သာ အီဂျစ်အသင်းအတွက် ကစားပေးခဲ့ဖူး ကြောင်း သိရသည်။ ဆာလာသည် လန်ဒန်အိုလံပစ်ပြိုင်ပွဲ၌ အသက်မီသည့်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့် သို့ ရောက်ရှိခဲ့သည်။ ဆာလာသည် လာမည့် ပါရီအိုလံပစ်ပြိုင်ပွဲတွင် အသက်ကျော်ကစားသမားအဖြစ် အီဂျစ်အသင်းကို ဦးဆောင်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း ဂါမယ်လ်အယ်လမ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ “မိုဟာမက်ဆာလာဟာ ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ အိုလံပစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ဆန္ဒရှိနေပါတယ်။ သူ အဲဒီမှာ ရှိပါလိမ့်မယ်”ဟု ဂါမယ်လ်အယ်လမ်က ပြောကြားခဲ့သည်။

သို့သော် ပါရီအိုလံပစ်ပြိုင်ပွဲကို ဇူလိုင်(၂၄)မှ သြဂုတ်(၉)အထိ ကျင်းပမည်ဖြစ်သောကြောင့် ဥရောပကလပ်အသင်းများ၏ ရာသီကြိုပြင်ဆင်မှုကို ထိခိုက်မည်ဖြစ်သည့်အတွက် လီဗာပူးလ်အသင်းက ဆာလာကို စေလွှတ်ဖွယ်မရှိကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင်လည်း ဆာလာကို စေလွှတ်ပေးရန် ငြင်းဆန်ခဲ့ဖူးကြောင်း သိရသည်။ အိုလံပစ်ပြိုင်ပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (FIFA)၏ ဘောလုံးပြက္ခဒိန်တွင် ပါဝင်ခြင်းမရှိသဖြင့် ကလပ်အသင်းများအနေဖြင့် ကစားသမားစေလွှတ်ရန် ငြင်းဆန်ခွင့်ရှိကြောင်း သိရသည်။ အီဂျစ်အသင်းသည် အမြင့်ဆုံးအဖြစ် ဆီမီးဖိုင်နယ်အဆင့်သာ ရောက်ရှိဖူးကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments