Tuesday, January 20, 2026
spot_img
spot_img

၂၀၂၄ ခုနှစ်အတွက် ပရီးမီးယားလိဂ် Hall of Fame တွင် ဂျွန်တယ်ရီနှင့် အန်ဒီကိုးလ်တို့ ထပ်မံရွေးချယ်ထည့်သွင်းခံရ

၂၀၂၄ ခုနှစ်အတွက် ပရီးမီးယားလိဂ် Hall of Fame တွင် အင်္ဂလန်လက်ရွေးစင်ဟောင်း ကစားသမားနှစ်ဦးဖြစ်သည့် ဂျွန်တယ်ရီနှင့် အန်ဒီကိုးလ်တို့ ထပ်မံထည့်သွင်းရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ၂၀၂၄ ခုနှစ်အတွက် ပရီးမီးယားလိဂ် Hall of Fame တွင် ကစားသမား(၃) ဦးကို ထည့်သွင်းရန် စီစဉ်ခဲ့ပြီး အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့၏ ကစားသမားဟောင်းဖြစ်သော အက်ရှ်လေကိုးလ်ကို ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ 

ထို့နောက် ကျန်နှစ်ဦးအတွက် ပရိသတ်များထံ ဆန္ဒမဲကောက်ခံခဲ့ပြီး ယခုအခါ ချယ်လ်ဆီးကစားသမားဟောင်း ဂျွန်တယ်ရီနှင့် မန်ယူကစားသမားဟောင်း အန်ဒီကိုးလ်တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဂျွန်တယ်ရီ သည် ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၅)ကြိမ် ရယူနိုင်ခဲ့သူဖြစ်သလို၊ အန်ဒီကိုးလ်မှာလည်း မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၅)ကြိမ်ရယူနိုင်ခဲ့သူဖြစ်သည်။ 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် Hall of Fame အတွက် ရွေးချယ်မှုကို ၂၀၂၁ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်၌ စုစုပေါင်းကစားသမား (၂၄)ဦးအထိ ရွေးချယ်ထားခဲ့ပြီဖြစ်သည်။ နောက်ဆုံးရွေးချယ်ခံရသူတစ်ဦးဖြစ်သည့် အန်ဒီကိုးလ်က “ဘောလုံးလောကမှာ ရရှိခဲ့တဲ့အရာအားလုံးအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ Hall of Fame မှာ ရွေးချယ်ခံရတာကတော့ အရမ်းဂုဏ်ယူစရာကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။ 

ဂျွန်တယ်ရီကလည်း ပရီးမီးယားလိဂ် Hall of Fame တွင် ထည့်သွင်းခံရသည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိသည်ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments