Thursday, March 12, 2026
spot_img
spot_img

၂၀၂၃ နှစ်စကတည်းက လီဗာပူးဟာ ပိုတောင် ဆိုးသွားခဲ့တယ်လို့ ပွင့်လင်းစွာ ဝန်ခံလိုက်တဲ့ ‌ရောဘတ်ဆန်

ရောဘတ်ဆန်ဟာ ဒီိရာသီမှာ ဆက်လက် ရုန်းကန်နေရတဲ့ လီဗာပူးနဲ့ ပက်သက်ပြီး ရိုးသားတဲ့ ဝန်ခံမှုကို လုပ်သွားခဲ့ကာ the Reds တို့ဟာ ယခုနှစ် အစကတည်းက ပိုပြီးတော့တောင် ဆိုးသွားခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ မနေ့ညက အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့မှုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး လီဗာပူးရဲ့ ၄ ကြိမ်မြောက် ရှုံးပွဲ ဖြစ်ပြီး ဒီထဲက ၂ ပွဲဟာ ဒီဇာဘီရဲ့ အသင်းကို ဖြစ်ပါတယ်။

လီဗာပူးဟာ မနေ့ညက ဘရိုက်တန်ကို ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အခြေအနေကောင်းပြီလို့ ထင်မှတ်ခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းက လူးဝစ်ဒန့်ရဲ့ ချေပဂိုး ၊ မီတိုမာရဲ့ နောက်ကျ အနိုင်ဂိုး‌ ပြန်လာကာ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ လီဗာပူးကို စတုတ္ထအဆင့်မှာ ဖြုတ်ချခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ယာဂန်ကလော့ရဲ့ အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရှိထားခဲ့ပြီး ကစားသမားတွေရဲ့ ယုံကြည်မှုပိုင်းကလည်း တအားကို ကျဆင်းလျက် ရှိနေပါတယ်။

‌ရောဘတ်ဆန် ကလည်း လီဗာပူးရဲ့ ခက်ခဲကြမ်းတမ်းနေတဲ့ ဘောလုံးရာသီနဲ့ ပက်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်ကာ ကမ္ဘာ့ဖလား break တုန်းက ပြင်ဆင်ထားမှုတွေဟာ ဘာ့ကြောင့် ထင်ထားသလို ဖြစ်မလာခဲ့တာလဲ ဆိုတာ ပြောပြလိုက်ပါတယ်။

‌ရောဘတ်ဆန်က “ကျနော်တို့ နိုင်ပွဲတွေ စတင် ရရှိအောင် လုပ်သွားဖို့ လိုအပ်ပါတယ်။ ဒါဟာ ပြောရတာ လွယ်ကူပေမယ့် ပြသနာတွေကို fix လုပ်ရတာဟာ အရမ်း ခက်ခဲပါတယ်။ အခု ပွဲက ဒါကို သက်သေပြခဲ့ပါတယ်။ ဒီိရာသီဟာ လုံးဝကို ကောင်းမွန်မှု မရှိခဲ့ပါဘူး။ ဒီနှစ်အစကတည်းက ကျနော်တို့ new start (တာထွက်အသစ်) ကို အလိုရှိခဲ့ပေမယ့်လည်း ဒီလိုမျိုး လုံးဝ ဖြစ်မလာခဲ့တာကတော့ သေချာပါတယ်။ ကျနော်တို့ ပိုပြီးဆော့တောင် ဆိုးရွားခဲ့သလိုပါပဲ။

ပရီးမီးယားလိဂ်မှာလည်း ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပါဘူး။ လိဂ်ဖလားမှာလည်း မန်စီးတီးကို တစ်ဂိုး ကွာခြားချက်နဲ့ ရှုံးကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဒီနေ့ ဘရိုက်တန်နဲ့ အက်ဖ်အေဖလား မှာလည်း ဒီလိုမျိုးပါပဲ။ ကျနော်တို့ ဖလား ပြိုင်ပွဲ ၂ ခုက ထွက်ခွာခဲ့ရပါပြီ။ ဒါဟာ တကယ် စိတ်ပျက်စရာ ပါပဲ။ ဘာတွေ မှားယွင်းနေသလဲဆိုတာကို အကြောင်းအရာ တစ်ခုတည်းအပေါ် လက်ညှိးထိုးသွားလို့ မရပါဘူး။ ဒီထက် ပိုမိုပါတယ်။ အခုချိန်က အရာအားလုံး click ဖြစ်ကာ ကောင်းမွန်တဲ့ performance ကို ပြသဖို့ ကြိုးစားနေချိန်ပါ။ ဒီလို လုပ်နိုင်ဖို့ဟာ ခက်ခဲနေပါတယ်။

ခင်‌ဗျားတို့ အနေနဲ့ တိုက်စစ်ပိုင်းဟာ ယုံကြည်မှုပိုင်း ပျောက်ဆုံးနေတယ်လို့ ပြောနိုင်သလို ခံစစ်ပိုင်းကလည်း တစ်ချို့ နေရာတွေမှာ အနည်းငယ် ပွင့်ထွက်နေတယ်လို့ သေချာပေါက် ပြောလို့ရပါတယ်။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂ ပွဲဆက် clean sheets ရပြီး ဒီပွဲကို ရောက်လာတာပါ။ ဒါပေမယ့် ဒီနေ့မှာ စိတ်ပျက်စရာ ဂိုး ၂ ဂိုးကို ပေးခဲ့ရပြီး သူတို့ဟာ အခွင့်အရေးကောင်း တစ်ချို့လည်း ရခဲ့ပါတယ်။ ကျနော်တို့ ယုံကြည်မှု ပြန်ရအောင် ကြိုးစားသွားဖို့ လိုအပ်ပါတယ်။ ဒါဟာ ပြောရတာထက် လုပ်ရတာက ပိုခက်ပါတယ်။

ဒါဟာ ရလဒ်ကောင်းတွေ ရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ တိုက်စစ်ပိုင်းက ဂိုးတွေ သွင်းယူဖို့ လိုသလို ခံစစ်ပိုင်းကလည်း clean sheets တွေ ရယူဖို့ လိုပါတယ်။ ဒါဟာ နိုင်ပွဲတွေ ရယူတဲ့ ပုံစံပါ။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တို့ ဒါမျိုး မလုပ်နိုင် ဖြစ်နေခဲ့ပါတယ်။ ဒီလို ပြန်ဖြစ်လာရန် အမြန်ဆုံး လုပ်သွားဖို့တော့ လိုပါတယ်။ ဒီလိုမျိုးတွေ ဖြစ်နေတဲ့အတွက် ပရိတ်သတ်တွေကို တောင်းပန်ချင်ပါတယ်။ သူတို့ဟာ အဝေးကွင်းပွဲစဉ်ကို အကောင်းဆုံး လာရောက်အားပေးခဲ့ပေမယ့် ကျနော်တို့ သူတို့ကို ထပ်မံ စိတ်ပျက်စေခဲ့ပါတယ်။ ကျနော်တို့ ဒီဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အတွက် တကယ် စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။” လို့ပြောသွားပါတယ်။

အက်ဖ်အေဖလား နဲ့ ကာရာဘောင်ဖလား ပြိုင်ပွဲ‌တွေကနေ ထွက်ခွာခဲ့ရတဲ့ လီဗာပူးဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်သာ အာရုံစိုက်သွားဖို့ ကျန်ပါတော့တယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်မှာ လီဗာပူးဟာ အဆင့် ၉ နေရာ ရောက်နေတဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ရီးရဲယ်မက်ဒရစ် နဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် လီဗာပူးရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ရာသီက ဆက်ရှိနေအုံးမယ့် ပုံစံပါပဲ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments