ရီးယဲလ်အသင်းတိုက်စစ်မှူး ဘန်ဇီမာသည် ၂၀၂၃ ခုနှစ်အတွင်း ဥရောပထိပ်သီးလိဂ် (၅)ခုထဲ၌ တိုက်စစ်စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။
ဘန်ဇီမာသည် ၂၀၂၃ ခုနှစ်အတွင်းတွင် သွင်းဂိုးနှင့် ဂိုးဖန်တီးမှု စုစုပေါင်း(၂၂)ကြိမ်ရှိနေပြီး မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က (၂၀)ကြိမ်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

ထိပ်ဆုံး(၅)ဦး စာရင်း၌ ၎င်းတို့နောက်တွင် ဗင်နီစီယပ်စ်(၁၈ ကြိမ်)၊ အိုဆင်မန်(၁၇ ကြိမ်)၊ ဟော်လန်း(၁၇ ကြိမ်)တို့ အစဉ်အလိုက်ရပ်တည်နေကြောင်း သိရသည်။
ဘန်ဇီမာသည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၁) ပွဲတွင် (၂၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားသည်။







