Friday, March 13, 2026
spot_img
spot_img

၂၀၂၃ ခုနှစ်အတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဟော်လန်းကို ကျော်ဖြတ်ကာ စီရော်နယ်လ်ဒို ရပ်တည်ခဲ့ပြီး သွင်းဂိုး(၄၀) ရှိလာခဲ့

ပေါ်တူဂီအသင်းခေါင်းဆောင် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ဘော့စနီးယားနှင့်ပွဲတွင် (၂)ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းမှ နော်ဝေတိုုက်စစ်မှူး ဟော်လန်းကို ကျော်ဖြတ်ကာ ၂၀၂၃ ခုနှစ်အတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဘော့စနီးယားနှင့်ပွဲမတိုင်မီ ၂၀၂၃ ခုနှစ်အတွင်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဟော်လန်းက (၃၉)ဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး စီရော်နယ်လ်ဒိုက (၃၈)ဂိုးဖြင့် ဒုတိယနေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ဘော့စနီးယားနှင့်ပွဲတွင် ပယ်နယ်တီတစ်ဂိုးအပါအဝင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် စုစုပေါင်းသွင်းဂိုး(၄၀)ဖြင့် ဟော်လန်းကို ကျော်ဖြတ်ကာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် အဆိုပါသွင်းဂိုး(၄၀)ကို ကလပ်အသင်းအတွက် (၃၁)ဂိုး၊ လက်ရွေးစင်အသင်းအတွက် (၉)ဂိုး သွင်း ယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် အသက်(၃၈)နှစ်ရှိပြီဖြစ်သော်လည်း ဂိုးသွင်းခြေစွမ်းကျဆင်းသွားခြင်းမရှိဘဲ လူငယ်ကစားသမားများနှင့်အပြိုင် ဂိုးများသွင်းယူနိုင်ဆဲဖြစ်သည့်အတွက် ချီးကျူးသူများစွာလည်း ရှိနေသည်။

၎င်းသည် မန်ယူအသင်းတွင် ရုန်းကန်ခဲ့ရသော အသက်(၃၇)နှစ်ကာလတွင်သာ ဂိုးသွင်းနှုန်းကျဆင်းခဲ့ပြီး အသက်(၃၀)နောက်ပိုင်း၌ တစ်နှစ်လျှင် အနည်းဆုံးဂိုး(၄၀)အထက် သွင်းယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတစ်လျှောက် စုစုပေါင်းသွင်းဂိုးမှာလည်း (၁၁၀၀)ရှိသွားခဲ့ပြီဖြစ်ပြီး ပယ်နယ်တီသွင်းဂိုးအရေအတွက်မှာ (၁၆၀)ဂိုးရှိသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

စီရော်နယ်လ်ဒို၏ခြေစွမ်းနှင့်ပတ်သက်၍ ပေါ်တူဂီအသင်းဖော် ဘရူနိုဖာနန်ဒက်စ်က ” နောက်ထပ် ပေါ်တူဂီသား စီရော်နယ်လ်ဒိုတစ်ယောက် ပေါ်ထွက်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အထင်တော့ အဲဒါ မဖြစ်နိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments