Saturday, February 7, 2026
spot_img
spot_img

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးဂိုးအဖြစ် ဆားဘီးယားနှင့်ပွဲ၌ Bicycle Kick ဖြင့် သွင်းယူခဲ့သည့် ရစ်ချာလီဆန်၏ဂိုး ရွေးချယ်ခံရ

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးအဖြစ် ဘရာဇီးလ်- ဆားဘီးယား အုပ်စုပွဲ၌ Bicycle Kick ဖြင့် သွင်းယူခဲ့သည့် ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်၏သွင်းဂိုး ရွေးချယ်ခံရကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အတည်ပြုထုတ်ပြန်ခဲ့သည်။

FIFA သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆုကို Hyundai မော်တာကုမ္ပဏီ၏ ပံ့ပိုးမှုဖြင့် ချီးမြှင့်ခြင်းဖြစ်ပြီး ဆန်ခါတင်စာရင်း ၁၀ ဂိုးကို ပရိသတ်များက မဲပေးရွေးချယ်ရာ ရစ်ချာလီဆန်၏ဂိုးက မဲအများဆုံးရရှိခဲ့သည်။ အုပ်စု (F) ပထမပွဲ အဖြစ် နိုဝင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားသည့် ဘရာဇီးလ် (၂-၀) ဆားဘီးယားပွဲတွင် ရစ်ချာလီဆန်က အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူပေးခဲ့ပြီး အကောင်းဆုံးသွင်းဂိုးဆု ရရှိစေမည့် ဒုတိယဂိုးကို ၇၃ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ရစ်ချာလီဆန်သည် ဘယ်ခြမ်းမှ ဗင်နီစီယပ်စ်၏ပေးပို့မှုကို တစ်ချက်ထိန်း၍ Bicycle Kick ဖြင့် ဂိုးသမား၏ ညာဘက်ထောင့်သို့ လှလှပပ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် ဆော်ဒီ-အာဂျင်တီးနားပွဲမှ အယ်လ်ဒေါ်ဆာရီ (ဆော်ဒီ)၊ နယ်သာလန်- အီကွေဒေါပွဲမှ ဂက်ပို (နယ်သာလန်)၊ အာဂျင်တီးနား-မက္ကဆီကိုပွဲမှ အန်ဇိုဖာနန်ဒက်ဇ် (အာဂျင်တီးနား)၊ ကင်မရွန်း-ဆားဘီးယား ပွဲမှ အဘူဘာကာ (ကင်မရွန်း)၊ မက္ကဆီကို- ဆော်ဒီပွဲမှ လူးဝစ်ချာဗက်ဇ် (မက္ကဆီကို)၊ ပြင်သစ်-ပိုလန်ပွဲမှ ဘာပေ (ပြင်သစ်)၊ ဘရာဇီးလ် -တောင်ကိုရီးယားပွဲမှ ရစ်ချာလီဆန် (ဘရာဇီးလ်)၊ ပက်ဆောင်ဟို (တောင်ကိုရီးယား)၊ ဘရာဇီးလ်-ခရိုအေးရှားပွဲမှ နေမာ (ဘရာဇီးလ်) တို့၏သွင်းဂိုးများလည်း ပါဝင်ခဲ့ပြီး ရစ်ချာလီဆန်အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ စုစုပေါင်း သုံးဂိုးသွင်းယူရာ ဆန်ခါတင်စာရင်းတွင် နှစ်ဂိုးပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးဆုများကို ချန်ပီယံ အာဂျင်တီးနားနှင့် ဒုတိယရရှိသည့် ပြင်သစ်အသင်းကစားသမားများက သိမ်းကျုံးရယူနိုင်ခဲ့ပြီး အကောင်းဆုံးကစားသမား (ရွှေဘောလုံးဆု) ကို မက်ဆီ (အာဂျင်တီးနား)၊ ငွေဘောလုံးဆုကို ဘာပေ (ပြင်သစ်)၊ ကြေးဘောလုံးဆုကို မိုဒရစ် (ခရို အေးရှား)၊ ရွှေဖိနပ်ဆုကို ဘာပေ (ပြင်သစ်၊ ရှစ်ဂိုး၊ ဖန်တီးမှုနှစ်ကြိမ်)၊ ငွေဖိနပ်ဆုကို မက်ဆီ (ခုနစ်ဂိုး၊ ဖန်တီးမှုသုံးကြိမ်)၊ ကြေးဖိနပ်ဆုကို ဂျရူး (ပြင်သစ်၊ လေးဂိုး)၊ ရွှေလက်အိတ်ဆုကို မာတီနက်ဇ် (အာဂျင်တီးနား)၊ လူငယ်ကစားသမားဆုကို အန်ဇိုဖာနန်ဒက်ဇ် (အာဂျင်တီးနား) တို့က ဆွတ်ခူးရရှိခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments