Monday, February 9, 2026
spot_img
spot_img

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဝေးလ်စ် – အီရန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် ညနေ ၄:၃၀ နာရီ)

အီရန်အသင်းက အင်္ဂလန်ကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒါပေမဲ့ အဓိက ပြဿနာက ကစားဟန်ထက် တစ်ဦးချင်း မထိန်းနိုင်တာပါ။ ဝေးလ်စ်က အင်္ဂလန်လောက်တော့ အဆိပ်မပြင်းဘူးလို့ ပြောနိုင်ပြီး အီရန် တောင့်ခံနိုင်လောက်တဲ့ အနေအထားမှာရှိပါတယ်။ ဒီနှစ်သင်းကတစ်သင်းနဲ့တစ်သင်းအရမ်းမကွာပါဘူး။ သရေကျသွားနိုင်တယ်။

ကာတာ – ဆီနီဂေါ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် ည ၇:၃၀ နာရီ)

ကာတာက ကမ္ဘာ့ဖလားမတိုင်ခင် တောက်လျှောက် ခြေစွမ်းပြလာတဲ့အသင်းပါ။ သူ့အတိုင်းသူ့အထွာနဲ့ တစ်ခုခုလုပ်နိုင် မယ်ထင်ခဲ့ပေမဲ့ အီကွေဒေါကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး။ ဒီပွဲမှာလည်း ဆီနီဂေါက ကာတာအတွက် ရင်ဆိုင်ရခက်တဲ့ ကစား သမားတွေနဲ့ မြန်နှုန်းမြင့်အသင်းဖြစ်နေပြန်တယ်။ ဆီနီဂေါပဲ ကြိုက်တယ်။

နယ်သာလန် – အီကွေဒေါ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် ည ၁၀:၃၀ နာရီ)

ကာတာကို ကစားခဲ့တဲ့ ခြေစွမ်းအရဆိုရင် အီကွေဒေါကစားတာ တော်တော်လေးကောင်းပါတယ်။ အသင်းလိုက် စုစည်း ညီညွတ်ပြီး၊ မာကျောတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းအလုပ်လုပ်ပုံက တော်တော်လေး အားကောင်းပါတယ်။ နယ်သာလန်ကလည်း အမြန်နှုန်းကို ထိန်းချုပ်တဲ့အပိုင်းမှာ ဆီနီဂေါနဲ့ပွဲတုန်းက အတွေ့အကြုံရထားပြီးပါပြီ။ ဒါပေမဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရ တာဖြစ်ပြီးဒီပွဲလည်း အီကွေဒေါရဲ့ခံစစ်ကြောင့် ရုန်းကန်ရလိမ့်မယ်။ သရေကျသွားနိုင်တယ်။

အင်္ဂလန် – အမေရိကန် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက် နံနက် ၄:၃၀ နာရီ)

အင်္ဂလန်အသင်းက အုပ်စုအဖွင့်ပွဲမှာ အီရန်ကို ဂိုးပြတ်နိုင်ခဲ့တယ်။ အကောင်းဆုံံးပုံစံမြင်တွေ့ခဲ့ရတယ်။ တိုက်စစ်ပိုင်းက ချီးကျူးစရာကောင်းတဲ့ ကစားဟန်နဲ့ ကစားနိုင်တယ်။ အရန်အင်အားတောင့်ပြီး အရည်အသွေးမြင့် ကွင်းလယ်ကိုလည်း တွေ့ရတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းမှာတော့ ပြဿနာနည်းနည်းပေါ်ခဲ့တယ်။ အမေရိကန်နဲ့ ရင်ဆိုင်တဲ့အခါ အမေရိကန်တိုက်စစ် က တီမိုသီဝီယာ၊ ပူလီဆစ်တို့က မြန်နှုန်းမြင့်ပြီး တစ်ဦးချင်း ကျွမ်းကျင်ကြတဲ့ ကစားသမားတွေဖြစ်တယ်။ အင်္ဂလန်အသင်း ခံစစ်ကို ဒုက္ခပေးနိုင်ခြေရှိတယ်ဆိုတာကို သတိပြုရမယ်။ အင်္ဂလန်အသင်းကပိုကောင်းပြီး နိုင်ပွဲရဖို့လည်းများပေမဲ့ မထင်မှတ်ဘဲ သရေပွဲလည်းဖြစ်သွားနိုင်တယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments