ဆွစ်ဇာလန် နှင့် ကင်မရွန်း (ကြာသပတေးညနေ ၄း၃၀ နာရီ)

ကင်မရွန်းက အာဖရိကအသင်းကြီးတစ်သင်းဖြစ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ပျက်စရာ စွမ်းဆောင်ရည်ကို ဆက်တိုက်ပြနေပြီး ရှုံးပွဲတွေအရမ်းများနေတာတွေ့ရတယ်။ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲတွေက ခြေစွမ်းအရလည်း ကင်မရွန်းက အားရစရာမရှိဘူး။ ဆွစ်ဇာလန်က ခြေစွမ်းကောင်းမွန်ပြီး တည်ငြိမ်တယ်။ ခြေစစ်ပွဲမှာ အီတလီကိုကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်လာတဲ့အသင်းဖြစ်တယ်။ အားကောင်းတဲ့ ကွင်းလယ်၊ ခံစစ်တွေနဲ့ အထင်ကြီးစရာအသင်းတစ်သင်း ဖြစ်တယ်။ ကင်မရွန်းအတွက် အဖွင့်ပွဲက ရလဒ်ကောင်းစရာ မရှိပါဘူ။ ဆွစ်ဇာလန်ကိုပဲ ကြိုက်တယ်။
ဥရုဂွေး နှင့် တောင်ကိုရီးယား (ကြာသပတေးည ရး၃၀ နာရီ)

ဥရုဂွေးက ဒီပြိုင်ပွဲရဲ့ ဖျက်မြင်းအဆင့်ရှိတဲ့အသင်းတစ်သင်းဖြစ်တယ်။ ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတယ်။ တောင်အမေရိကဇုန်မှာ ဘရာဇီးလ်နဲ့ အာဂျင်တီးနားပြီးရင် အားအကောင်းဆုံး၊ အတည်ငြိမ်ဆုံး အသင်းဖြစ်တယ်။ တောင်ကိုရီးယားကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ မထင်မှတ်တာတွေ လုပ်ပြလေ့ရှိတဲ့အသင်းဖြစ်ပြီး အသင်းလိုက်ကစားဟန် မာကျောကျစ်လျစ်တယ်။ မြန်နှုန်းမြင့်တယ်။ တစ်ဦးချင်းအားကောင်းတယ်။ ဥရုဂွေးကို ဒုက္ခပေးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီပွဲက အကြိတ်အနယ်နဲ့ ကြည့်ကောင်းမယ့်ပွဲတစ်ပွဲပါ။ ဥရုဂွေးကပ်နိုင်ဖို့တော့များတယ်။
ပေါ်တူဂီ နှင့် ဂါနာ (ကြာသပတေးည ၁ဝး၃၀ နာရီ)

ဂါနာအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် (၃)ပွဲကို ကြည့်ရင် နှစ်သင်းပေါင်းသွင်းဂိုးတွေ များခဲ့တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဂါနာရဲ့အားနည်းချက်က ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ နောက်ဆုံးအဆင့်ပွဲစဉ်တွေမှာ (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတာကိုတွေ့ရပြီး၊ ဒီပွဲမှာလည်း (၈)ပွဲအထိ ရောက်သွားနိုင်တဲ့ အခြေအနေလည်းဖြစ်နေတယ်။ ဒါ့အပြင်နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့့ဖလားပွဲစဉ် (၃)ပွဲမှာ ဂါနာက အနိမ့်ဆုံး (၂)ဂိုးစီ အသွင်းခံခဲ့ရတယ်။ လက်ရှိ ဂါနာအသင်းရဲ့ လူအင်အားက အရမ်းမညံ့ပေမဲ့ ဂါနာရလဒ်တွေဆိုးခဲ့တဲ့ ရှေ့ပွဲစဉ်တွေမှာလည်း ဂါနာက ဒီထက်လူအင်အားမနိမ့်ပါဘူး။ ဒါ့အပြင် ဂါနာရင်ဆိုင်ရမယ့် လက်ရှိ ပေါ်တူဂီအသင်းရဲ့ ခြေအဆင့်အတန်းနဲ့ ကစားဟန်၊ လူအင်အား၊ လက်ရှိရလဒ်တွေက ထိပ်တန်းအဆင့်မှာရှိတယ်။ ပေါ်တူဂီပဲ နိုင်ပွဲရမယ်။
ဘရာဇီးလ် နှင့် ဆားဘီးယား (သောကြာနံနက် ၁း၃၀ နာရီ)

ဘရာဇီးလ်ရဲ့ Tournament က ဒီအချိန်မှာ မစသေးပါဘူး။ ဘရာဇီးလ်အသင်း တကယ်ပြိုင်ပွဲစတင်တဲ့အချိန်က ရှုံးထွက်အဆင့်ကို ရောက်မှစမယ်။ ဘရာဇီးလ်ရဲ့ လက်ရှိခြေစွမ်း၊ လူအင်အားနဲ့ အုပ်စုအဆင့်က ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘရာဇီးလ်က အုပ်စုက ထွက်ရလေ့ရှိတဲ့အသင်းလည်းမဟုတ်ဘူး။ အုပ်စုပွဲစဉ်တွေဟာ ဘရာဇီးလ်အတွက်တော့ ခြေနွှေးမယ့်ပွဲ၊ ခြေသွေးပွဲတွေလို့ ပြောရမယ်။ ဒါပေမဲ့ ဆားဘီးယားက ဘရာဇီးလ်အတွက် တော်တော်လေးအားကောင်းပြီး အကြိတ်အနယ်ရှိမယ့် ခြေစမ်းပွဲပါ။ ဆားဘီးယားရဲ့ ကစားသမားအင်အား၊ လူအင်အားနဲ့ ခြေအဆင့်အတန်းကလည်း တော်တော်လေး ကောင်းမွန်တယ်။ ဆွီဒင်၊ နော်ဝေတို့လိုအသင်းတွေကို နိုင်ခဲ့သလို၊ ဘာရိန်းကိုလည်း ဂိုးပြတ်သွင်းခဲ့တယ်။ ဘရာဇီးလ်ရဲ့အုပ်စုအဖွင့်ပွဲတွေကလည်း နည်းနည်းအထလေးတတ်လို့ ဘရာဇီးလ် (၂-၁)လောက်ပဲ ဖြစ်မယ်။






