Tuesday, January 20, 2026
spot_img
spot_img

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်သင်း ဗိုလ်စွဲမည်ဟု စူပါကွန်ပျူတာ ခန့်မှန်းထား

လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်း ဗိုလ်စွဲမည်ဟု စူပါကွန်ပျူတာက ခန့်မှန်းထားကြောင်း Sky Sports က ဖော်ပြခဲ့သည်။

အဆိုပါ ကွန်ပျူတာက ပြိုင်ပွဲဝင်အသင်းများ၏ ကမ္ဘာ့အဆင့်၊ သမိုင်းအစဉ်အလာ၊ လတ်တလောစွမ်းဆောင်ရည်၊ ပြိုင်ဘက်အသင်းများ၏ အနေအထား၊ ဗိုလ်စွဲနိုင်ခြေ အလေးပေးမှု စသည့် အချက်အလက်များစွာအပေါ် အခြေခံကာ တွက်ချက်ခြင်းဖြစ်သည်။

ဗိုလ်လုပွဲတွင် ဘရာဇီးလ်က ပြင်သစ်ကို အနိုင်ယူကာ ဗိုလ်စွဲမည်ဟု ခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ဘရာဇီးလ်နည်းပြ ထိထီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား(၂၆) ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments