Monday, February 9, 2026
spot_img
spot_img

၁၉၉၅ ခုနှစ်နောက်ပိုင်း စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် လူစားဝင်ကစားပြီး သွင်းဂိုး (၄)ဂိုးသွင်းယူသည့် ပထမဆုံးကစားသမားအဖြစ် လော်တာရိုမာတီနက်ဇ်မှတ်တမ်းဝင်

အင်တာမီလန်အသင်း၏ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့် အောက်တိုဘာ (၁)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၃-၂၄ ရာသီစီးရီးအေပွဲစဉ် (၇) ဆလာနီတာနာ (ဝ-၄) အင်တာမီလန်ပွဲစဉ်တွင်  အသင်းအတွက် လူစားဝင်ကစားကာ သွင်းဂိုး (၄)ဂိုးစလုံးသွင်းယူပေးခဲ့ပြီး  ပြိုင်ပွဲသမိုင်းတစ်လျှောက် နှစ်ပေါင်း (၃၀)နီးပါးအတွင်း ပထမဆုံးစွမ်းဆောင်နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်းသိရသည်။

အဆိုပါပွဲစဉ်တွင် အင်တာမီလန်အသင်းသည် ဒုတိယပိုင်းပြန်လည် စတင်ချိန်အထိ ဂိုးမရှိသရေကျနေပြီး ပွဲချိန် (၅၅)မိနစ်တွင် ဝါရင့်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်အစား လော်တာရိုမာတီနက်ဇ်ကို  ထည့်သွင်းကစားခဲ့သည်။

ထို့နောက် လော်တာရိုမာတီနက်ဇ်သည် ပွဲချိန် (၆၂)မိနစ်တွင် မားကပ်စ်သူရမ်၏ ပေးပို့မှုမှတစ်ဆင့် အသင်းအတွက်အဖွင့် ဂိုးသွင်းယူခဲ့ပြီး (၇၇၊ ၈၅ Pen နှင့်၈၉) မိနစ်တို့တွင်နောက်ထပ်ဂိုးများသွင်း ယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လော်တာရိုမာတီ နက်ဇ်အနေဖြင့် နိုင်ပွဲတစ်ပွဲအတွက် ရမှတ် (၃)မှတ်စတင်သတ်မှတ်သည့် ၁၉၉၄-၉၅ ရာသီမှ ရေတွက်ပါက နှစ်ပေါင်း (၃၀)နီးပါးအတွင်း စီးရီးအေပြိုင်ပွဲသမိုင်း၌ လူစားဝင်ကစားပြီး (၄)ဂိုးသွင်းယူသည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ ပြင် လော်တာရိုမာတီနက်ဇ်သည် ယခုရာသီ စီးရီးအေပွဲစဉ် (၇)ပွဲကစားပြီးချိန်တွင် သွင်းဂိုး(၉)ဂိုးအထိ သွင်းယူပေးထား နိုင်ပြီး အန်ဟန်လီလို (၁၄ ဂိုး၊ ၁၉၅၈-၅၉ ရာသီ)၊ ဘိုနန်ဆက်ဂ်ညာ (၉ ဂိုး၊ ၁၉၇၃-၇၄) တို့နောက် အင်တာမီလန်အသင်း သမိုင်းတစ်လျှောက် စီးရီးအေရာသီအဖွင့် (၇)ပွဲကစားပြီး ချိန်တွင် အနည်းဆုံး (၉)ဂိုး သွင်းယူသည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments