Monday, February 9, 2026
spot_img
spot_img

၁၉၆၆ နောက်ပိုင်း FA ဖလားဗိုလ်လုပွဲသို့ Clean Sheet ရလဒ်များဖြင့် တက်ရောက်နိုင်သည့် ပထမဆုံးအသင်းအဖြစ် မန်စီးတီးအသင်း မှတ်တမ်းဝင်

မန်စီးတီးအသင်းသည် ၁၉၆၆ ခုနှစ်က အဲဗာတန်အသင်းနောက်ပိုင်း FA ဖလားဗိုလ်လုပွဲသို့ ပေးဂိုးမရှိ Clean Sheet ရလဒ်များဖြင့် တက်ရောက်နိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ယခုရာသီ FA ဖလားပြိုင်ပွဲတွင် တတိယအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ချယ်လ်ဆီးကို (၄-၀)ဂိုး၊ စတုတ္ထအဆင့်တွင် အာဆင်နယ်ကို (၁-၀) ဂိုး၊ ပဥ္စမအဆင့်တွင် ဘရစ္စတိုးလ်စီးတီးကို (၃-၀)ဂိုး၊ ကွာတားဖိုင်နယ်တွင် ဘန်လေကို (၆-၀)ဂိုး၊ ဆီမီးဖိုင်နယ်တွင် ရှက်ဖီးယူနိုက်တက်ကို (၃-၀)ဂိုးဖြင့် အနိုင်ရရှိကာ ပြိုင်ပွဲတစ်လျှောက် ပေးဂိုးမရှိ Clean Sheet ရလဒ်များ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

FA ဖလားပြိုင်ပွဲ၏ သမိုင်းတစ်လျှောက်တွင် ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည်မှာ မန်စီးတီးအသင်းမတိုင်မီက အဲဗာတန်အသင်းသာ ရှိခဲ့ဖူးပြီး ၁၉၆၅-၆၆ ရာသီတွင် ချန်ပီယံဆုရရှိစဉ်က မန်စီးတီးနည်းတူ စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဲဗာတန်အသင်းသည် အဆိုပါ ၁၉၆၅-၆၆ ရာသီတွင် တတိယအဆင့်၌ ဆန်းဒါးလန်းအသင်းကို (၃-၀)ဂိုး၊ စတုတ္ထအဆင့်၌ ဘက်ဖို့ဒ်ကို (၃-၀)ဂိုး၊ ပဥ္စမအဆင့်၌ ကိုဗင်ထရီကို (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်၌ မန်စီးတီးအသင်းနှင့် ပြန်ကန်ပွဲနှစ်ပွဲအပါအဝင် (၃)ပွဲကစားခဲ့ရာတွင် (၀-၀)၊ (၀-၀)၊ (၂-၀)ရလဒ် များရရှိခဲ့သည်။

ထို့နောက် ဆီမီးဖိုင်နယ်၌ မန်ယူအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ယူကာ ပွဲတိုင်း Clean Sheet ရလဒ်များဖြင့် ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲတွင်မူ ရှက်ဖီးဝင်းစ်ဒေးအသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် မန်စီးတီးအသင်းအနေဖြင့် လာမည့်ဗိုလ်လုပွဲတွင် Clean Sheet ရလဒ်ဖြင့် ထပ်မံအနိုင်ရခဲ့ပါက ပြိုင်ပွဲတစ်လျှောက် Clean Sheet ရလဒ်ဖြင့် ချန်ပီယံဆုရယူနိုင်သည့် တစ်သင်းတည်းသောအသင်းအဖြစ် စံချိန်သစ်စိုက်ထူနိုင်မည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments