Monday, February 9, 2026
spot_img
spot_img

ဥရောပထိပ်တန်းကလပ်များ ပစ်မှတ်ထားနေသည့် ဘယ်လင်ဟမ်ကို လစာငွေ၁၅၀ ရာခိုင်နှုန်းတိုးပေးပြီး အသင်းတွင်ဆက်ထိန်းရန် ဒေါ့မွန် စီစဉ်ထား

ဒေါ့မွန်အသင်းသည် ဥရောပထိပ်တန်းကလပ်များ ပစ်မှတ်ထားနေသည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဟမ် အား လက်ရှိရရှိနေသည့်လစာထက် ၁၅၀ ရာခိုင်နှုန်းအထိ တိုးပေးပြီး အသင်းတွင် ဆက်ထိန်းထားနိုင်ရန် လျှို့ဝှက်စွာ စီစဉ်နေကြောင်း သိရသည်။

ဒေါ့မွန်အသင်းအားကစားဒါရိုက်တာဖြစ်သူ ဆီဘက်စတီယန်ခါးလ်သည် ကစားသမားနှင့် ဖခင်ဖြစ်သူ မာ့ခ်ဘယ်လင်ဟမ်တို့အား သူ၏ရုံးခန်းသို့ ဖိတ်ခေါ်ပြီး အသင်းတွင် အနည်းဆုံး တစ်ရာသီနှင့်အထက် ဆက်ရှိစေရေးအတွက် ဆွေးနွေးသွားရန် စီစဉ်လျက်ရှိကြောင်း ဂျာမန်သတင်းစာ Bild က ရေးသား ခဲ့သည်။ 

ဒေါ့မွန်အသင်းသည် အသင်းသမိုင်းတစ်လျှောက် လစာအများဆုံး ကစားသမားအဖြစ် တစ်နှစ်လျှင် ပေါင် ၁၃ သန်းအထိပေးချေရန် အသင့်ရှိနေပြီး စာချုပ်တွင် လျော်ကြေး ပေါင် ၁၃၁ သန်းပေး ခေါ်ယူရမည့်အချက်ကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။ အသက် ၁၉ နှစ်သာရှိသေးသူ ဘယ်လင်ဟမ်ကိုခေါ်ယူရန် ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး နှင့် လီဗာပူးလ်စသည့် ဥရောပထိပ်တန်းကလပ်အသင်းများကလည်း ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဒေါ့မွန်အသင်းအနေဖြင့် ဘယ်လင်ဟမ်ကို အသင်းတွင် ဆက်ထိန်းထားလိုသော်လည်း လာမည့်နွေရာသီတွင် လက်လွှတ်ရနိုင်ခြေ များလျက်ရှိကြောင်း သတင်းအချို့က သုံးသပ်လျက်ရှိသည်။ လာမည့် ဇွန်လ ၂၉ ရက်တွင် အသက် ၂၀ နှစ်ပြည့်မည့် ဘယ်လင်ဟမ်သည် ယခုရာသီ ပြိုင်ပွဲစုံတွင် ဒေါ့မွန်အသင်းအတွက် ကိုးဂိုး သွင်းယူထားပြီး ငါးဂိုး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments